ကန့်ဘလူမြို့ရှိ ပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဆက်လက်ရောင်းချပေး

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကန့်ဘလူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့စသည့်  တာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့်  ဆီကုန်သည်များနှင့် ပူးပေါင်းကာ (၄.၁၂.၂၀၂၃) ရက်နေ့ နံနက် ၀၈:၀၀ နာရီက ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ စားအုန်းဆီများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

          အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရန်  လူတစ်ဦးလျှင်(၅၀)ကျပ်သားကို ၂၇၀၀ ကျပ်ဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးပြီး လူဦးရေ(၁၄၀၀)ဦးအတွက် စားအုန်းဆီ ၇၀၀ ပိဿာရောင်းချ ပေးခဲ့ကြောင်း ဆီလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)