အထက်မင်းလှမြို့၏ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(စတုတ္ထပတ်)နှင့် ဒီဇင်ဘာလ(ပထမပတ်)တို့တွင်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

 မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

    အထက်မင်းလှမြို့တွင် စက်သုံးဆီအရောင်းဆိုင်(၄)ဆိုင်ရှိရာ နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(စတုတ္ထပတ်)နှင့်ဒီဇင်ဘာလ(ပထမပတ်) စက်သုံးဆီဈေးနှုန်းများ မှာ 92(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၂၅၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၅၉၀)ဖြစ်၍ ကျပ်(၃၄၀)ဈေးမြင့်ခဲ့ကြောင်း၊ 95(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၃၇၅)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၇၂၀)ဖြစ်၍ ကျပ်(၃၄၅)ဈေးမြင့်ခဲ့ကြောင်း၊  ဒီဇယ်ရိုးရိုး(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၂၇၅)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၂၉၀)ဖြစ်၍ ကျပ်(၁၅)ဈေးမြင့်ခဲ့ကြောင်း၊  ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၃၇၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၃၈၅)ဖြစ်၍ ကျပ်(၁၅)ဈေးနှုန်း စသည်ဖြင့် ဈေးနှုန်းအသီးသီးမြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(မကွေး)