မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။
မင်းဘူးမြို့နယ်တွင် စက်သုံးဆီဆိုင်(၁၆)ဆိုင်ရှိရာ ဆိုင်များအားလုံး ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(စတုတ္ထပတ်)နှင့် ဒီဇင်ဘာ(ပထမပတ်)တို့တွင်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၂၂၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ် (၂၅၆၀)ဖြစ်၍ ကျပ်(၃၄၀)ဈေးနှုန်းမြင့်ခဲ့ကြောင်း၊ ဓာတ်ဆီ(95)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ် (၂၃၅၅)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၆၉၀)ဖြစ်၍ ကျပ်(၃၃၅)ဈေးနှုန်းမြင့်ခဲ့ကြောင်း၊ ဒီဇယ်(ရိုးရိုး)(၁) လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၂၄၅)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၂၆၀)ဖြစ်၍ ကျပ်(၁၅) ဈေးနှုန်းမြင့်ခဲ့ကြောင်း၊ ဒီဇယ်(ပရီမီယမ်)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၃၄၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၃၅၅)ဖြစ်၍ (၁၅)ကျပ် စသည်ဖြင့် ဈေးနှုန်းအသီးသီးမြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များမှသိရှိရပါသည်။
DOCA(မကွေး)