(၂၈-၁၁-၂၀၂၃) ရက်နေ့မှ (၄-၁၂-၂၀၂၃) ရက်နေ့အထိ ဗဟန်းမြို့နယ်၊ ဗဟန်းဈေး အတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗဟန်းဈေးအတွင်း၌ မီးဖိုချောင်သုံးပစ္စည်းများဖြစ်သော အာလူးတစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၅၀၀၀ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် ၅၀၀၀ကျပ် မှ ၇၀၀၀ကျပ်၊ ငရုတ်သီးခြောက်(အပု)တစ်ဆယ်ကျပ်သားလျှင် ၂၃၀၀ကျပ်၊ ငရုတ်သီး(အရှည်)တစ်ဆယ်ကျပ်သားလျှင် ၂၃၀၀ကျပ်၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ချင်း တစ်ပိဿာလျှင် ၈၀၀၀ကျပ် မှ အမြင့်ဆုံး ၉၀၀၀ကျပ်၊ မန်ကျည်းသီးတစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ်၊ ကုလားပဲတစ်ပြည်လျှင် ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်၊ ပဲနီလေးတစ်ပြည်လျှင် ၉၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်၊ ဆားကြမ်းတစ်ပိဿာလျှင် ၃၀၀ကျပ်မှ ၄၀၀ ကျပ်၊ ဆား (အိုင်အိုဒင်း)တစ်ထုပ်လျှင် ၅၀၀ကျပ်ဈေးနှုန်းတို့ဖြင့်ရောင်းချလျက်ရှိပြီး အာဗြဲခြောက်တစ်ပိဿာလျှင် ၃၀၀၀၀ကျပ်မှ ၄၀၀၀၀ကျပ်၊ ငါးရံ့ခြောက်တစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ၉၀၀၀ကျပ်၊ ငါးနီတူခြောက်တစ်ပိဿာလျှင် ၂၈၀၀၀ကျပ်မှ ၃၀၀၀၀ကျပ်၊ ငရောင်ခြောက်တစ်ပိဿာလျှင် ၃၀၀၀၀ကျပ်၊ ပုစွန်ခြောက်တစ်ပိဿာလျှင် ၆၀၀၀၀ကျပ်မှ ၈၅၀၀၀ကျပ်တို့ဖြင့်ရောင်းချလျက်ရှိကြောင်းသိရှိခဲ့ရပြီး (၄-၁၂-၂၀၂၃) ရက်နေ့တွင် စားအုန်းဆီတစ်ပိဿာလျှင် ၄၉၂၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း စုံစမ်းသိရှိခဲ့ရပါသည်။

DOCA(ရန်ကုန်)