စားသုံးဆီဈေးများ အနည်းငယ်ကျဆင်း

Powered by Drupal

  စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ်မေးမြန်း တင်ပြလျက်ရှိရာ ဒီဇင်ဘာလ ပထမပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီ ဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။

  ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး နိုဝင်ဘာလ နောက်ဆုံးပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၅၁၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၄၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခုဒီဇင်ဘာလ ပထမပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၅၁၀၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေသဖြင့် စားသုံးဆီ တစ်ပိဿာဈေးနှုန်း နှိုင်းယှည်ကြည့်ပါက စားအုန်းဆီဈေးနှုန်းမှာ ယခင်ပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး၊  ပဲဆီသန့်နှင့် နှမ်းဆီသန့်မှာ  တစ်ပိဿာလျှင် (၁၀၀၀) ကျပ် ဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိကြောင်း စားသုံးဆီလက်ကားအရောင်းဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)