မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကုန်စည်ဒိုင်၏ ဆန်ဈေးနှုန်းအခြေအနေ

Powered by Drupal

     မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဆန်ဈေးနှုန်းမြင့်တက်လာကြောင်းနှင့် ဒီဇင်ဘာလဆန်းတွင် ဧည့်မထဆန်(အသစ်)ထွက်ရှိလာကြောင်းသိရှိရသည်။

  မော်လမြိုင်မြို့ကုန်စည်ဒိုင်တွင် ဒီဇင်ဘာလ(ပထမပတ်)တွင် ဆန်ဈေးနှုန်းအခြေအနေမှာ ပေါ်ဆန်းမွှေးအနိမ့်ဈေး(၁၀၈ပေါင်)တစ်အိတ်လျှင် ကျပ်၁၁၅၀၀၀၊ ပေါ်ဆန်းမွှေးတစ်အိတ်လျှင် အနိမ့်ဈေး(၁၀၈)ကျပ်၁၁၈၀၀၀၊ ပေါ်ကျွဲ အမြင့်ဆုံး (၁၀၈ပေါင်) တစ်အိတ်လျှင် ကျပ်၉၈၅၀၀၊ ပေါ်ကျွဲ အနိမ့်ဈေး(၁၀၈ပေါင်) တစ်အိတ်လျှင် ကျပ်၁၀၁၅၀၀၊ ဧည့်မထ (အသစ်)အနိမ့်ဆုံး(၁၀၈ပေါင်) တစ်အိတ်လျှင်ကျပ်၆၅၀၀၀ ဧည့်မထ(အသစ်)အမြင့်ဆုံး (၁၀၈ပေါင်) တစ်အိတ်လျှင် ကျပ်၆၉၀၀၀ဖြစ်ကြောင်းသိရပါသည်။

     နိုဝင်ဘာလ(ပထမပတ်)အတွင်းဖြစ်ပေါ်ခဲ့သော ဆန်ဈေးနှုန်းမှာ ပေါ်ဆန်းမွှေး အနိမ့်ဈေး(၁၀၈ပေါင်) တစ်အိတ်လျှင်    ကျပ်၁၀၄၀၀၀၊ ပေါ်ဆန်းမွှေး အနိမ့်ဈေး (၁၀၈) ကျပ်၁၀၇၀၀၀၊ ပေါ်ကျွဲ အမြင့်ဆုံး (၁၀၈ပေါင်)တစ်အိတ်လျှင် ကျပ်၉၆၅၀၀၊ ပေါ်ကျွဲ အနိမ့်ဈေး(၁၀၈ပေါင်) တစ်အိတ်လျှင် ကျပ်၉၉၅၀၀၊ ဧည့်မထအနိမ့်ဆုံး (၁၀၈ပေါင်) တစ်အိတ်လျှင် ကျပ်၇၃၀၀၀ ဧည့်မထအမြင့်ဆုံး(၁၀၈ပေါင်) တစ်အိတ်လျှင် ကျပ်၇၆၀၀၀ဖြစ်၍ နှိုင်းယှဉ်မှုအရ ယခုလတွင် ဆန်ဈေးနှုန်းမှာ ကျပ်၁၀၀၀၀ကျော်ခန့်မြှင့်တက်လာကြောင်း၊ သို့သော်   အဆိုပါဆန်ဈေးနှုန်းများမှာ အပတ်စဉ်ပြောင်းလဲမှုရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)