ဒီဇင်ဘာလ ဒုတိယအပတ် ကျွန်းလှမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား  နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည် ။

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင် (၃)ဆိုင် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိပြီး ဒီဇင်ဘာလ ပထမအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင်    (၂၅၉၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာ(၂၇၁၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ(၂၂၉၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာ(၂၃၉၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

   ယခု ဒီဇင်ဘာလ ဒုတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင်    (၂၇၁၀)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာ(၂၈၄၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ(၂၄၁၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာ(၂၅၀၅)ကျပ်ဖြင့် ရောင်းချသောကြောင့်  ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာ လျှင်(၁၂၀)ကျပ် ၊ ဓါတ်ဆီ(95) တစ်လီတာလျှင်(၁၂၅)ကျပ် ၊  ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင်(၁၁၅)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင်(၁၁၅)ကျပ် မြင့်တက်လျက်ရှိကြောင်း ကျွန်းလှမြို့ စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)