ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အစီအစဉ်ဖြင့် စားအုန်းဆီများရောင်းချပေး

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏အစီအစဉ်ဖြင့် ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးတင့်ထူးနှင့် မစဖ အဖွဲ့ဝင်များ ၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုးထိုက်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင် တို့ပူးပေါင်းကာ (၂၈.၁၁.၂၀၂၃) ရက်နေ့၊ (၂၉.၁၁.၂၀၂၃)ရက်နေ့၊ (၃၀.၁၁.၂၀၂၃) နှင့် (၅.၁၂.၂၀၂၃) ရက်နေ့ များတွင် နံနက်(၀၇:၀၀)နာရီအချိန်မှ (၀၈:၃၀)အချိန်ထိ  ပိတောက်မြိုင်ရပ်ကွက်၊ ပိတောက်မြိုင်ဈေးနှင့်  သစ်ရာမြိုင်ရပ်ကွက်၊ သစ်ရာမြိုင်ဈေး၊ ပျဉ်းမမြိုင်ရပ်ကွက် ၊ ပျဉ်းမမြိုင်ဈေးတို့တွင် စားအုန်းဆီများကို စားသုံးသူ ပြည်သူများ လက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါစားအုန်းဆီများရောင်းချရာတွင် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရန်နှင့် စားဝတ်နေရေးအဆင်ပြေစေရန်အတွက် စားအုန်းဆီ (၁)ပိဿာလျှင် (၅၄၀၀)ကျပ် နှုန်း၊ အိမ်ထောင်စု (၁)စုလျှင် စားအုံးဆီ(၅၀)ကျပ်သားနှုန်းဖြင့် အိမ်ထောင်စု(၁၃၀၀) ၊ လူဦးရေး(၁၃၀၀)ဦးတို့အား စားအုန်းဆီ(၆၅၀)ပိဿာရောင်းချပေးခဲ့ကြောင်း၊ စားအုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စားအုန်းဆီ တစ်ပိဿာ ရည်ညွှန်းဈေးဖြင့် ရရှိသည့် အပေါ်မူတည်၍ ဆက်လက်ရောင်းချပေးနိုင်ရေးအတွက် ကန့်ဘလူခရိုင်ဆီကုန်သည်များနှင့် ပူးပေါင်းစီမံ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မှ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)