ဘီးလင်းမြို့နယ်တွင် စားအုန်းဆီရောင်းချနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော  ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် မွန်ပြည်နယ်ဆီ ကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဘီးလင်းမြို့နယ်အတွက် ခွဲဝေရရှိထားသော (၁၁) ကြိမ်မြောက် စားဆီပေပါ (၁၄) ပေပါ (၁၅၄၀ ပိဿာ) အား ဘီးလင်းမြို့နယ်လုပ်ငန်းရှင်များက  ဘီးလင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများတွင် (၄-၁၂-၂၀၂၃) ရက်နေ့မှ (၆-၁၂-၂၀၂၃) ရက်နေ့အထိ  ဆီရောင်းချနေမှုအား ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ကြီးကြပ်ဆောင်ရွက်ရာတွင် မွန်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှခွဲဝေရရှိသော ဆီများအား ဘီးလင်းမြို့နယ်လုပ်ငန်းရှင်များက ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများအားရောင်းချရာတွင် တစ်ပိဿာလျှင် (၅၅၀၀) ကျပ်ဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့်ရောင်းချခဲ့ရာ စားသုံးသူများ စိတ်ကျေနပ်စွာဝယ်ယူခွင့်ရရှိခြင်းရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်အရေအတွက်အတိုင်း ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)