ကန့်ဘလူခရိုင်တွင် ရောင်းချနေသော ဒီဇင်ဘာလ ဒုတိယပတ် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းအခြေအနေ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

   ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိသော စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ပန်းဖူး(50)kg တစ်အိတ်လျှင် (၈၈၀၀၀)ကျပ်၊ မျှားကမ္ဘာ(50)kg တစ်အိတ်လျှင် (၇၇၀၀၀)ကျပ်၊ ကွန်ပေါင်း(10:10:5) (50)kg တစ်အိတ်လျှင်(၇၇၀၀၀)ကျပ်၊ ကွန်ပေါင်း (15:15:15) (50)kg တစ်အိတ်လျှင်(၁၆၅၀၀၀)ကျပ်၊ ပိုတက် (50)kg တစ်အိတ်လျှင် (၁၂၃၀၀၀)ကျပ်နှင့် ရွှေတောနစ် (၅၀၀)စီစီ တစ်ဘူးလျှင် (၁၂၀၀၀)ကျပ်၊ မိုရယ်လ်မုန်း (၅၀၀)စီစီ တစ်ဘူးလျှင် (၂၅၅၀၀) ကျပ်၊ ဟတ်ကာ(၅၀၀)စီစီ တစ်ဘူးလျှင် (၂၄၅၀၀)ကျပ် ၊ AP ဇာပြာ (၅၀၀)စီစီ တစ်ဘူးလျှင် (၂၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်း ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)