ဒိုက်ဦးမြို့နယ်၌ နွေစပါးနှင့်နေကြာစိုက်တောင်သူများအားဓါတ်မြေသြဇာများ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးနေ

Powered by Drupal

          မြန်မာ့ရေနံနှင့်ဓာတုဗေဒလုပ်ငန်းထုတ်နိုက်ထရိုဂျင် ၄၆ရာခိုင်နှုန်းပါ ပုလဲဓါတ်မြေသြဇာ များကို ဈေးကွက်ပေါက်ဈေးထက် ထက်ဝက်သက်သာသည့်နှုန်းထားဖြင့် တန်ချိန် ၆၇၀၀၀ ကျော် ရန်ကုန်မြောင်းတကာစက်ရုံမှ ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရသည်။ အရေးကြီးသီးနှံများဖြစ်သော စပါး၊ ဆီထွက်သီးနှံ၊ ဝါနှင့် ကြံစိုက်တောင်သူများကို ဈေးကွက်အတွင်း တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ ခန့် ပေါက်ဈေးရှိသည့် ပုလဲဓါတ်မြေသြဇာများကို တစ်အိတ်လျှင် ကျပ် ၃၂၅၀၀ နှုန်းဖြင့်ရောင်းချပေးပြီး မြို့နယ်အလိုက် စိုက်ပျိုးမှုသီးနှံပေါ်မူတည်၍ တစ်ဧကလျှင် တစ်အိတ်နှုန်း-အိတ်ဝက်နှုန်း ရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။

          ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ နွေစပါးစိုက်ဧက ၂၈၀၈ဧက အတွက် ၂ဧကလျှင် တစ်အိတ်နှုန်း၊ နေကြာ စိုက်ဧက ၉၈ဧကအတွက် သီးသန့်စိုက်ပါက ၂ဧကလျှင် တစ်အိတ်နှုန်းနှင့် သီးညှပ်စိုက်ပါက ၈ဧကလျှင် တစ်အိတ်နှုန်းဖြင့် ဓါတ်မြေသြဇာ ၁၄၅၃ အိတ်ကို ကျေးရွာအုပ်စု ၃၇ အုပ်စုအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)