ရှမ်းပြည်ဒေသထွက် ယာကွန်ဥ (ခေါ်) ရေကန်စွန်းဥ

Powered by Drupal

   ယာကွန်ဥ (ခေါ်) ရေကန်စွန်းဥသည် ယခုလို မိုးအကုန်ဆောင်းအကူးတွင် ထွက်ရှိသော ရှမ်းပြည်ဒေသထွက် ပေါ်ဦးပေါ်ဖျား ရာသီစာတစ်မျိုးဖြစ်သည်။ ယာကွန်ဥ၏ ထူးခြားချက်မှာ ရိုးရိုးကန်စွန်းဥများကဲ့သို့ ပြုတ်စားစရာမလိုဘဲ အခွံခွာ၍အစိမ်းစားရသော ဥတစ်မျိုး ဖြစ်သည်။ ထိုယာကွန်ဥ၏ အရသာမှာ သစ်တော်သီးအစေ့လွတ် (သို့မဟုတ်) ပဲစီမ်းစားဥ ကဲ့သို့ အရသာဆင်ပေသည်။ အရည်ရွှမ်းပြီးချိုသောအရသာရှိသောကြောင့် အသားအရည်စိုပြေစေပြီး၊ ယခုလို အသားအရည်ခြောက်ကပ်စေသော ဆောင်းရာသီနှင့်အလိုက်ဖက်ဆုံးသော ဆေးဖက်ဝင်ဥတစ်မျိုးဖြစ်ပေသည်။ ထိုဥသည် ကျန်းမာရေးအတွက်လည်းများစွာ အထောက်အကူပြုပေသည်။ ယာကွန်ဥ (ခေါ်) ရေကန်စွန်းဥကို စားသုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ သွားပိုးစားခြင်းကို ကာကွယ်ပေးခြင်း၊ ဝမ်းမှန်/ ဆီးမှန်စေခြင်း၊ ခန္ဓာကိုယ်အတွင်းရှိ မကောင်းသော အဆီဓါတ်များကို ဖယ်ရှားပေးခြင်း၊ သွေးအတွင်းရှိ အချိုဓါတ်များကို လျော့နည်းစေခြင်း၊ အမျှင်ဓါတ်ပါ၍ အူမကြီးကင်ဆာဖြစ်စေခြင်းမှ ကာကွယ်ပေးခြင်း၊ အရွက်ကို (လက်ဖက်ခြောက်) အနေဖြင့် သောက်သုံးပါက သွေးသန့်စေခြင်း၊ သွေးတိုး၊ ဆီးချိုသမားများအတွက် သင့်တော်သော ရာသီစာ သစ်ဥသစ်ဖုဖြစ်သောကြောင့် အစာလည်းဆေး၊ ဆေးလည်းအစာအဖြစ် စားသုံးနိုင်ပေသည်။ ဈေးကွက်အနေဖြင့် တစ်ပိဿာ (၂၅ဝဝိ/-)ကျပ်မှ (၃၀၀ဝိ/-)ကျပ် အထိရောင်းချလျက်ရှိကြပေသည်။ ယာကွန်ဥကို ရှမ်းပြည်နယ် (တောင်ပိုင်း) နောင်တရားမြို့နယ်တွင် အများဆုံးစိုက်ပျိုးကြောင်း သိရှိရပါသည်။ ဒေသခံများအနေဖြင့် ဈေးထဲတွင်လည်ကောင်း၊ Online ရောင်းချသူများထံတွင်လည်ကောင်း အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီး ကျန်မြို့များမှ မှာယူလိုပါက ကားဂိတ်များမှတစ်ဆင့် ရောင်းချပေးလျက်ရှိကြပေသည်။ ထိုကြောင့် ယခုလိုဆောင်းရာသီတွင် စားပေးသင့်သော ဆေးဖက်ဝင်ရာသီစာ တစ်မျိုးဖြစ်သည်ဟု အကြံပြုရေးသားတင်ပြလိုက်ရပေသည်။

DOCA(ရှမ်း)