တောင်ငူမြို့နယ် ကံလှကျေးရွာ ထန်းလက်ကုလားထိုင်လုပ်ငန်း

Powered by Drupal

          တောင်ငူမြို့နှင့် အနီးတဝိုက်တွင် ထန်းပင်ထန်းတောများ ပေါများစွာရှိရာ ထန်းပင်များကို အမှီပြု၍ အပိုဝင်ငွေရရှိသော လုပ်ငန်းများအနက် ထန်းလက်ကုလားထိုင်လုပ်ငန်းလည်း တစ်ခု အပါ အဝင်ဖြစ်ပါသည်။

           တောင်ငူမြို့ အနောက်ဖက် ကံလှကျေးရွာနေ တောင်သူလယ်သမား မိသားစုများသည် လယ်ယာလုပ်ငန်းခွင်မှ အားလပ်သည့် အချိန်များတွင် ထန်းလက်ကုလားထိုင်ပြုလုပ်ရောင်းချခြင်း ဖြင့် အပိုဝင်ငွေရရှိကြပါသည်။

      ထန်းလက်ကုလားထိုင်ပြုလုပ်ရန်အတွက် ထန်းကြီးလက်များကို ထန်းပင်များမှ ခုတ်ယူပြီး နေပူခံကာ အခြောက်လှန်းထားရပါသည်။ ယင်းသို့ နေပူခံကာ အခြောက်လှန်းထားသော ထန်းလက်များဖြင့် ပြုလုပ်သော ပက်လက်ကုလား ထိုင်များသည် ရေရှည်ခိုင်ခန့်မှုရှိပါသည်။ ထန်းလက်ကုလားထိုင် ၁ လုံးတွင် ထန်းလက် ၂၀ ခန့်အသုံးပြုရကြောင်း သိရပါသည်။ ထန်းလက် ကုလားထိုင်များကို ထန်းသားများဖြင့် သီးသန့်ပြုလုပ်ကာ ရောင်းချသူများရှိသလို ထန်းသားနှင့် ဝါးရော၍ ပြုလုပ်ပြီး ရောင်းချသူများလည်းရှိပါသည်။

              ထန်းသားသီးသန့်ဖြင့် ပြုလုပ်ထားသော ကုလားထိုင်များသည် ဝါးနှင့်ရော၍ ပြုလုပ်ထား သည့် ကုလားထိုင်များထက် ပိုမိုခိုင်ခံ့ပြီး  ဈေးပိုရကြကြောင်း၊ ထန်းလက်ကုလားထိုင်များကို မှာယူ သူများသို့ ၁ လုံးလျှင် ငွေ ၁၀၀ဝဝ ကျပ်ဖြင့်ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)