တောင်ငူမြို့တွင် ယခုလ ဆိုင်ကယ်ဈေးတက်ပြီး ရောင်းအားကျ

Powered by Drupal

     တောင်ငူမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ ဈေးလမ်းရှိ “ထက်” ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင် တွင် ဆိုင်ကယ်များကို သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပါသည်။ တောင်ငူမြို့တွင် လူကြိုက်များသော ဆိုင်ကယ်များမှာ NCX Wave 100 နှင့် 125 Click ဆိုင်ကယ်များဖြစ်ပါသည်။

   NCX Wave 100 ဆိုင်ကယ်မှာ ယခင်နိုဝင်ဘာလက တစ်စီးလျှင် ကျပ် ၂၅ သိန်းရှိရာမှ ယခုဒီဇင်ဘာလတွင် တစ်စီးလျှင် ကျပ် ၃၅ သိန်း၊ 125 Click ဆိုင်ကယ်မှာ ယခင်နိုဝင်ဘာလက တစ်စီးလျှင် ကျပ်သိန်း ၅၀ ရှိရာမှ ယခုဒီဇင်ဘာလတွင် တစ်စီးလျှင် ကျပ်သိန်း ၆၀ အထိ ဈေးတက်သွားပါသည်။ တရုတ်ဆိုင်ကယ်မှာ တစ်စီးလျှင် ကျပ် ၁၅ သိန်း ရှိပါသည်။

   အရောင်းအဝယ်အနေဖြင့် အောက်တိုဘာလက ဆိုင်ကယ်အစီး ၄၀ ရောင်းရခဲ့ သော်လည်း ပြီးခဲ့သည့်နိုဝင်ဘာလက ၁၂ စီးသာရောင်းချရသဖြင့် အရောင်းအဝယ်အေးကြောင်း သိရပါသည်။

DOCA(ပဲခူး)