တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်အချို့ ဈေးကျ

Powered by Drupal

     ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ ပထမအပတ်တွင်  တောင်ငူမြို့ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပြီး စားအုန်းဆီမှာ တစ်ပိဿာလျှင် ၅၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

     ကြက်သွန်နီမှာ တစ်ပိဿာလျှင် အသေး ၃၀၀၀ ကျပ်၊ အလတ် ၃၂၀၀ ကျပ်၊ အကြီး ၃၆၀၀ ကျပ်နှင့် တရုတ်ကြက်သွန်နီ ၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး  ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် အသေးမှာ ၁၀၀၀၀ ကျပ်၊ အလတ် ၁၁၀၀၀ ကျပ်၊ အကြီး ၁၃၀၀၀ ကျပ်၊ ၁၄၅၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပါသည်။

     အာလူးမှာ တစ်ပိဿာလျှင် အသေး ၂၃၀၀ ကျပ်၊ အလတ် ၂၅၀၀ ကျပ်၊ အကြီး ၃၀၀၀၊ တရုတ်အာလူး ၃၂၀၀ ကျပ်၊ ငရုတ်သီးခြောက် အပု/အရှည်မှာ တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၁၆၀၀၀ ကျပ်အထိ၊ ငရုတ်သီး ခြောက်အပွမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၂၃၀၀၀ ကျပ်မှ ၂၅၀၀၀ ၂၀၀၀၀ ကျပ်မှ ၂၃၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     မြေပဲဆံ(အဖြူ)မှာ တစ်ပိဿာလျှင် ၆၇၀၀ ကျပ်၊ မြေပဲဆံ(အနီ)မှာ တစ်ပိဿာလျှင် ၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၆၂၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရပါသည်။

DOCA(ပဲခူး)