လက်ပံတန်းမြို့ဖွဲနုဈေးကွက်အခြေအနေ

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင်ရှိသော ငါးမွေးကန်များ၏ အဓိကအစားအစာသည် ဖွဲနုများဖြစ်ပါသည်။ သာယာဝတီခရိုင်အတွင်းရှိ ဆန်စက်များကြိတ်ခွဲ ထုတ်လုပ်ရာမှ ထွက်ရှိသောဆန်ထွက်ပစ္စည်းဖွဲနုများကို ဒေသတွင်းတိရိစ္ဆာန် အစားအစာအဖြစ် အသုံးပြုလျက်ရှိသလို အခြားသောစားသောက်ကုန်များအတွက်လည်း အသုံးပြုလျက်ရှိကြောင်းနှင့် အခြားသောတိုင်းနှင့်ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ အောက်တိုဘာလ ပထမပတ်နှင့် ဒုတိယအပတ်များတွင် တစ်ပေါင်လျှင် ၃၇၀/ ကျပ်ဖြစ်ပြီး တတိယအပတ်နှင့် စတုတ္ထပတ်များတွင် ၃၇၅/ ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုနိုဝင်ဘာလ  နောက်ဆုံးပတ်တွင် ဖွဲနုတစ်ပေါင်လျှင် ၃၆၅/ ကျပ် ပေါက်ဈေး ရှိနေလျက်ရှိရာ ဖွဲနုဈေးကွက်အနေဖြင့် ယခင်လနှင့် နှိုင်းယှဉ်ပါက အကျဘက်သို့ ဦးတည်နေပါကြောင်း ဈေးကွက်အတွင်း လေ့လာမှုများအရ သိရှိရပါသည်။

DOCA(ပဲခူး)