ဘားအံမှ မြေပဲအစိုများ မြဝတီဘက်သို့ တင်ပို့ရောင်းဝယ်မှု တစေ့တစောင်း

Powered by Drupal

         ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်တို့မှ စိုက်ပျိုးထုတ်လုပ်ကြသော ဆောင်းမြေပဲများအား ဘားအံမြို့နယ်အတွင်းရှိ မြေပဲရောင်းဝယ်ရေးလုပ်ငန်းရှင် ပွဲရုံများသို့ နေ့စဉ်လှိုင်လှိုင်ဝင်ရောက်လျှက်ရှိပြီး ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလအတွင်း မြေပဲအစိုတစ်တင်းလျှင် ၁၅၀၀၀ ကျပ် ဈေးနှုန်းဖြင့် ဝယ်ယူရောင်းဝယ်လျှက်ရှိကြောင်း ယခုနှစ်ဆောင်းမြေပဲမှာ တစ်ဧက အထွက်တင်း ၃၀ မှ ၄၀ ကြားထွက်ရှိပြီး တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ ၃၀၀၀၀၀ ကျပ်ခန့်ရှိသဖြင့် တစ်ဧက အကျိုးအမြတ်မှာ ၂၀၀၀၀၀ ကျပ်ခန့်ရရှိသောကြောင့် ယခုနှစ်တွင် တောင်သူများ အကျိုးအမြတ်ပိုမိုရရှိကြောင်းနှင့် အဆိုပါမြေပဲများအား ဘားအံမှတဆင့် မြဝတီ၊ ထိုင်းသို့လည်းကောင်း၊ ဘားအံမှ မော်လမြိုင်သို့လည်းကောင်း တင်ပို့လျှက်ရှိကြောင်း ကုန်သည်များထံမှ စုံစမ်းသိရှိရပါသည်။

စားသုံးသူရေးရာှဦးစီးဌာန

ကရင်ပြည်နယ်