မကွေးမြို့ပေါ်ရှိ အိမ်သုံးဆေးဝါးများ၏ စျေးနှုန်းအခြေအနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိဆေးဆိုင်များတွင် ဆောင်းရာသီကာလဖြစ်၍ နှာစေးချောင်းဆိုးများ၊ ဖျားနာမှုများဖြစ်ပွားလျက်ရှိရာ ဖျားနာမှုများအတွက် အိမ်သုံးဆေးဝါးများကို အဓိကဝယ်ယူလျက်ရှိကြောင်း ဆေးနှင့်ဆေးပစ္စည်းရောင်းချသူများထံမှသိရှိရပါသည်။

      မကွေးမြို့ပေါ် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ဈေးနှုန်းများမှာ  Paracetamol 500 mg (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၃၅၀)၊ Asprin 80 mg (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၄၀၀)၊ Decolgen (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ် (၁၅၀၀)၊ Biogesic (၁၀)လုံးပါ(၁)ကတ်လျှင်  ကျပ်(၁၀၀၀)၊ Bermeton အလုံး(၁၀၀)ပါ(၁)ဘူးလျှင် ကျပ်(၁၆၀၀)၊ Dextrometorphal Tablet 15 mg (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၉၅၀)၊ Bromhexine HCL Tablet 8 mg (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၃၅၀)၊ Acetyluysteine (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၂၆၅၀)၊ Cough Syrup(၁)ဘူးလျှင် ကျပ်(၁၂၀၀)၊ Cetirizine Tablet 10 mg (၁၀)လုံးပါ(၁) ကတ်လျှင် ကျပ်(၂၅၀)၊ Levo Cetirizine Tablet 10 mg (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၈၀၀)၊ Dexamethasome Tablet 2/4 mg  inJ (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၂၅၀)၊ Methyl Prednisolone Tablet 4/8 mg (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၂၅၅၀)တို့ဖြင့်ရောင်းချလျက်ရှိကြောင်း မြို့မစျေးအတွင်းရှိ ဆေးဆိုင်များမှ လေ့လာသိရှိရပါသည်။

DOCA(မကွေး)