ကံမမြို့နယ်၌ အများပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးမှုအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏လမ်းညွှန်မှာကြားချက်ဖြင့် သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဆီကုန်သည်ကြီးများအသင်းတို့၏ စီမံပေးမှုအရ (၆-၁၂-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၄း၀၀)နာရီအချိန်မှစတင်၍ ကံမမြို့၊ အမှတ်(၁)၊ (၂)၊ (၃)၊ (၄)ရပ်ကွက်များရှိ အိမ်ထောင်စုများနှင့် ဇီးတောကျေးရွာ၊ ကညင်တိုင်းကျေးရွာတို့ရှိ အိမ်ထောင်စုများအား သက်သာသောဈေးနှုန်းဖြစ်သည့်  စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၅၇၀၀)ဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးခဲ့ပါသည်။  

   ထိုသို့ရောင်းချပေးနေမှုအား ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအရာရှိများနှင့် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)