ကံမမြို့၊ တောင်ချောင်းဘက်ရှိ ပတ်ဝန်းကျင်ကျေးရွာများမှထွက်ရှိသည့် ပဲတီစိမ်းနှင့် မတ်ပဲဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တောင်ချောင်းဘက်ရှိ လိပ်ဒုံး၊ ပြောင်ကျ၊ ပယ်ကျ၊ ဒန်းကိုင်း၊ ထန်းတပင်၊ ရွှေစင်၊ အလယ်ရွာ စသည့်ကျေးရွာများမှထွက်ရှိသည့် သီးနှံများအနက် ပဲတီစိမ်းသီးနှံမှာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(စတုတ္ထပတ်)တွင် (၃၀)ပိဿာဝင်တစ်အိတ်လျှင် ကျပ် (၇၅၇၅၀မှ ၇၆၅၀၀)၊ မတ်ပဲသီးနှံမှာ (၃၀)ပိဿာဝင်(၁)အိတ်လျှင် ကျပ်(၁၃၀၅၀၀)ဖြစ်ခဲ့ပြီး ယခုဒီဇင်ဘာလ(ပထမပတ်)တွင် ပဲတီစိမ်း(၃၀)ပိဿာဝင်(၁)အိတ်လျှင် ကျပ်(၈၀၂၅၀)၊ မတ်ပဲ(၃၀)ပိဿာဝင်(၁)အိတ်လျှင် ကျပ် (၁၃၆၅၀၀)အတက်ဈေးနှုန်းတို့ဖြင့် (၁)နေ့လျှင် ပဲတီစိမ်းအိတ်ရေ (၃၀မှ ၇၀) အိတ်ခန့်၊ မတ်ပဲအိတ်ရေ (၂၀မှ ၅၀)အိတ်ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  တင်ပို့မှုအနေဖြင့် ပဲခူးတိုင်း၊ ပြည်မြို့သို့ တင်ပို့ရောင်းချကြောင်း ကံမမြို့ရှိ ကုန်သည်ဦးတင်မျိုးလှိုင်ထံမှသိရပါသည်။

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ပတ်ဝန်းကျင်ကျေးရွာများတွင် ရာသီချိန်ပဲမျိုးစုံသီးနှံများကိုစိုက်ပျိုးလျက်ရှိရာ (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်၌ ပဲတီစိမ်းသီးနှံ (၂၀၃၆)ဧကနှင့် မတ်ပဲ(၂၁၉၉၅)ဧကတို့ကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်နေ့ထိစိုက်ပျိုးကြကာ အောင်မြင်စွာစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပါသည်။

DOCA(မကွေး)