စက်မှုကုန်ကြမ်းသုံး စားအုန်းဆီများထုတ်ပေးလျက်ရှိ

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်မကွေး တိုင်းဒေသကြီးတို့ရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီသီးရှိ MSMEs စီးပွားရေးလုပ်ငန်းရှင် များအဆင်ပြေလွယ်ကူချောမွေ့စေရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်း တို့ပူးပေါင်းပြီးစား သောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဟိုတယ်၊ စားသောက်ကုန်ထုတ်လုပ် ရောင်းချသူများ စားသောက်ကုန်ထုတ်လုပ်သည့် အသေးစား၊ အလတ်စား စားသောက်ကုန် လုပ်ငန်းများအတွက် စက်မှုကုန်ကြမ်းသုံး စားအုန်းဆီများကို ၁ ပိဿာလျှင် ၆၁၂၀ ကျပ် ၊ ဈေးနှုန်းများဖြင့် ကြည်မြင့်တိုင်မြို့နယ်ရှိ HTOO စားအုန်းဆီကန်အပါအဝင် အခြားဆီကန်  များမှ စီးပွားရေးလုပ်ငန်းရှင်များသို့ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ၊ ဒုတိယပတ် အတွင်းနေ့စဉ် ထုတ်ပေးလျက် ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)