အင်ဒိုနီးရှားနိုင်ငံ၌ အစိုးရ၏ ဝယ်ယူရေးအဖွဲ့အစည်းဖြစ်သော BULOG အဖွဲ့သည် ဆန် တန်ချိန် ၅၃၄၀၀၀ ကို နိုင်ငံတကာတင်ဒါခေါ်ယူလျက် ဝယ်ယူခဲ့ရာ ၁၁-၁၁-၂၀၂၃ ရက်၊ တနင်္လာနေ့တွင် တင်ဒါပိတ်သိမ်းခဲ့ကြောင်း ဥရောပကုန်သည်များက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
စုစုပေါင်းဆန်တန်ချိန် မည်မျှဝယ်ယူခဲ့သည်ကို ရှင်းလင်းစွာ မသိရှိရသော်လည်း တင်ပို့ရာဒေသ၌ သင်္ဘောတင်စရိတ်နှင့် သယ်ယူပို့ဆောင်ခအပါအဝင် Cost and Freight (C&F) ဈေးနှုန်း ၁ တန်လျှင် ၆၃၅ ဒေါ်လာနှုန်းဖြင့် ပါကစ္စတန်နိုင်ငံမှ ဆန်တန်ချိန် ၁၁၀၀၀၀ နှင့် မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၈၀၀၀၀ ခန့်ကို BULOG အဖွဲ့က ဝယ်ယူခဲ့သည်ဟု အဆိုပါ ကုန်သည်များက ပြောဆို ခဲ့ကြသည်။
ထို့အပြင် ဈေးကွက်အတွင်း အတည်မပြုနိုင်သော ပြောဆိုမှုများအရ C&F ဈေးနှုန်း ၁ တန် လျှင် ၆၆၅ ဒေါ်လာနှုန်းဖြင့် ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၂ သိန်းနှင့် ဗီယက်နမ်နိုင်ငံမှ ဆန်တန်ချိန် ၅ သောင်းခန့်ကိုလည်း အင်ဒိုနီးရှားအစိုးရက ၎င်းတင်ဒါဖြင့်ပင် ဝယ်ယူခဲ့ဖွယ်ရှိကြောင်း၊ ထိုသို့ ဝယ် ယူသည့် လုံးရှည်ဆန်ဖြူများသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့အတွင်း အင်ဒိုနီးရှား ဆိပ်ကမ်းသို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ ယခုသတင်း တင်ပြချက်မှာ ကုန်သည်များ၏ ပြောဆိုမှုကိုသာ ထင်ဟပ်မှုရှိပြီး ဝယ်ယူခဲ့သော ဆန်ပမာဏနှင့် ဈေးနှုန်းများ၏ အသေးစိတ် အချက်အလက်များကို နောက်ပိုင်းမှသာ သိရှိနိုင်မည်ဖြစ်ကြောင်းဖြင့် ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
Source: Business Recorder, 12 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)