ထိုင်းငချိပ်(ခေါ်) ရာသီစပါးဖြစ်သည့် ငချိပ်စပါး စိုက်ပျိုးခြင်းဖြင့် တောင်သူများ ဈေးကောင်းရ

Powered by Drupal

     ထိုင်းငချိပ်(ခေါ်) ရာသီစပါးဖြစ်သည့် ငချိပ်စပါးကို ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာအနှံ့အပြားတွင် စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာရှိ တောင်သူများသည် ငချိပ်စပါးကို စတင်၍ စမ်းသပ်စိုက်ပျိုးခဲ့ပါသည်။ ငချိပ်စပါးကို  ၂၀၂၂-၂၀၂၃ခုနှစ် မိုးစပါးရာသီချိန်ဖြစ်သည့် ဇူလိုင်လအတွင်းပျိုးထောင်၍ ဩဂုတ်လအတွင်းတွင် စိုက်ပျိုးရကြောင်း စိုက်ပျိုးသူ တောင်သူ နှင့် ဆက်သွယ်မေးမြန်းမှုအရ သိရှိရပါသည်။

တစ်ဧကကုန်ကျစရိတ်

         ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဝယ်ယူရသည့် ငချိပ်မျိုးစပါးဈေးနှုန်းမှာ (၁)တင်းလျှင်(၇၀၀၀ဝိ/-) ကျပ်ဈေးနှုန်းဖြင့် လယ်မြေ(၁)ဧကလျှင် ငချိပ်မျိုးစပါး  (၂)တင်းနှုန်း အသုံးပြူရသဖြင့် မျိုးဘိုး (၁၄၀၀၀ဝိ/-)ကျပ်ကုန်ကျကြောင်း၊ လယ်ကို မစိုက်ပျိုးမီ ပထမဦးစွာ စက်ခုတ်ပြီး ထယ်ရေးပြုပြင် ရသဖြင့် လယ်(၁)ဧလျှင် စက်ခုတ်ခ (၁၀၀၀၀ဝိ/)ကျပ်ကုန်ကျကြောင်း၊ ကန်သင်းခုတ်ခ နှင့် အမှိုက် ကောက်ခ (၃၀၀၀ဝိ/-) ကျပ်ကုန်ကျကြောင်း ၊ ငချိပ်စပါးကို ပျိုးထောင်ပြီး (၂၀)ရက်သားတွင်  ပျိုး နှုတ်၍ စိုက်ပျိုးရပြီး ပျိုးနှုတ်ခ (၈၀၀၀ဝိ/-)ကျပ် ပေးရကြောင်း၊ ပျိုးနှုတ်ပြီးပါက စိုက်မည့် လယ်မြေထဲတွင် ပြန်၍ စိုက်ပျိုးရပြီး ကောက်စိုက်ခ (၈၀၀၀ဝိ/-)ကျပ် ပေးရကြောင်း၊ စိုက်ပြီး ရက်(၂၀) အချိန်တွင် အပင်များကြားထဲသို့ အမှိုက်ကောက်ရကြောင်း၊ အမှိုက်ကောက်ခ (၅၀၀၀ဝိ/-) ကျပ် ပေးရကြောင်း၊  ဓါတ်မြေဩဇာအမျိုးအစား ပေါ်တည်၍ (၁) အိတ်လျှင် (၁၇၀၀၀ဝိ/-) ကျပ် ပေးရကြောင်း၊ အပင်များကြီးထွား သန်မာစေရန် အပင်ပေါ်မူတည်၍ ဓါတ်မြေဩဇာ (၁)အိတ် မှ (၂) အိတ်ကျွေးကြကြောင်း၊ (၁)ဧကကို ဓါတ်မြေဩဇာ(၂)အိတ်ကျွေးပါက (၃၄၀၀၀ဝိ/-) ကျပ် ကုန် ကျကြောင်း၊ ပိုးမွှားမကျစေရန် ပိုးသတ်ဆေးနှင့် အပင်အားဆေးဖျန်းရကြောင်း၊ ပိုးသတ်ဆေးကို (၁)ခါဖျန်းလျှင် ဖျန်းခနှင့် ဆေးဖိုးအပါအဝင်(၄၀၀၀ဝိ/) ကျပ်ပေးရပြီး၊ (၁)ဧကလျှင် မရိတ် သိမ်းမီ အချိန်ထိ ပိုးသတ်ဆေး (၄)ခါဖျန်းရသဖြင့် (၁၆၀၀၀ဝိ/-)ကျပ် ကုန်ကျကြောင်း ၊ ငချိပ်စပါးသည် အခြားစပါးများဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ဧရာမင်းစသည့် စပါးများနည်းတူ ပြုစုပျိုးထောင်ရ ကြောင်း ၊ ငချိတ်စပါး ရိတ်ရာတွင် လယ်မြေအနီးအဝေးပေါ် မူတည်၍ စက်ကြီးရိတ်ခ (၁)ဧကလျှင် (၁၅၀၀၀ဝိ/)  မှ (၁၈၀၀၀ဝိ/-)ကျပ် ပေးရပြီး ရိတ်ပြီးသား ငချိတ်စပါးကို အိမ်အရောက်သယ်ယူရာတွင် သယ်ယူစရိတ် (၁၀၀၀ဝိ/-)ကျပ်ပေးရသဖြင့် တစ်ဧကကုန်ကျစရိတ် (၁၁၄၀၀၀ဝိ/-)ကျပ် ကုန်ကျကြောင်း သိရှိရပါသည်။

တစ်ဧကအထွက်နှုန်းနှင့်အကျိုးအမြတ်ရရှိမှု

      အနှံစထွက်ပါက စပါး၏အရောင်သည် အဖြူနှင့်အစိမ်းရောင်စထွက်ပြီးနောက် (၁)လခန့် အကြာတွင် ခရမ်းပုပ်ရောင်သို့ ပြောင်းလဲကြောင်း၊ ခရမ်းပုပ်ရောင်မှတဆင့်  စပါးနှံရင့်သည့်အချိန်တွင် အုန်းခွံရောင်အဖြစ်သို့ပြောင်းလဲလာကြောင်း၊ ငချိပ်စပါးကို ပြည်တွင်းသာမက ပြည်ပနိုင်ငံများမှ ဝယ်ယူကြောင်း၊ ငချိပ်စပါးစိုက်သည့် တောင်သူကို မေးမြန်းရာတွင် (၁)ဧကလျှင် (၇၀)တင်းမှ (၈၀) တင်းထွက်ရှိကြောင်း၊ ယခုပေါ်ချိန်ဈေးနှုန်းမှာ ငချိပ်စပါးတင်း(၁၀၀) လျှင် (၃၈၀၀၀၀ဝိ/-)မှ (၄၀၀၀၀၀ဝိ/-)ထိဈေးနှုန်းရှိကြောင်း၊ ငချိပ်စပါး စောထွက်သည့် တောင်သူများမှာ မိုးလေဝသရာသီဉတုကို စိုးရိမ်၍ ရောင်းချရာ (၃၈၀၀၀၀ဝိ/-) ကျပ်သာ ရရှိကြောင်း၊ တစ်ဧကအထွက်နှုန်း (၇၀) တင်း နှင့် တွက်ချက်ပါက တစ်ဧကလျှင် (၂၆၆၀၀၀ဝိ/-)ကျပ်ရရှိပြီး ကုန်ကျစရိတ်မှာ (၁၁၄၀၀၀ဝိ/-) ကျပ် ကုန်ကျ၍ တစ်ဧက အကျိုးအမြတ်မှာ (၁၅၂၀၀၀ဝိ/-)ကျပ် ရရှိကြောင်း သိရှိရပါသည်။

      ထိုင်းငချိပ်(ခေါ်) ရာသီစပါးဖြစ်သည့် ငချိပ်စပါး စိုက်ပျိုးခြင်းဖြင့် တောင်သူများ ဈေးကောင်းရ၍ စပါးပေါ်ချိန်ရောင်းချသော်လည်း တစ်ဧကကုန်ကျစရိတ် ၁၃၃%အကျိုးအမြတ်ရရှိသဖြင့် တောင်သူဦးကြီးများအတွက် တွက်ချေကိုက်ပြီး ဈေးနှုန်းဈေးကွက်ကောင်းသည့် ငချိပ်စပါးကို နောင်နှစ်များ တွင်လည်း တွင်တွင်ကျယ်ကျယ်စိုက်ပျိုးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)