တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

    အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့မှ ဒီဇင်ဘာလ(၁၂)ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် (၁၂၀၀မှ ၁၈၀၀) အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)လျှင် ကျပ် (၅၀၀မှ ၁၅၀၀) အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)တစ်ထုပ်လျှင် ကျပ် (၆၀၀မှ ၁၈၀၀) အတွင်း၊ အာလူး(တစ်ပိဿာ)လျှင် ကျပ် (၃၀၀၀မှ ၃၂၀၀) အတွင်း၊ မုန့်လာဥနီ(တစ်ပိဿာ)လျှင် ကျပ် (၄၀၀၀မှ ၆၀၀၀) အတွင်း၊ ရွှေဖရုံသီး(တစ်လုံး)လျှင် ကျပ် (၉၀၀မှ ၅၄၀၀) အတွင်း၊ ဘူးသီး(တစ်လုံး)လျှင် ကျပ် (၁၀၀၀မှ ၂၀၀၀) အတွင်း၊ မုန်ညှင်း(ထုပ်)(တစ်ပိဿာ)လျှင် ကျပ် (၂၀၀၀မှ ၂၅၀၀) အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ် (၂၄၀၀မှ ၃၈၀၀) အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(တစ်ပိဿာ)လျှင် ကျပ် (၁၁၀၀၀မှ ၁၄၀၀၀) အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) လျှင် ကျပ် (၁၂၀၀၀မှ ၁၂၅၀၀) အတွင်း၊ ချင်း(တစ်ပိဿာ)လျှင် ကျပ် (၅၀၀၀မှ ၆၀၀၀) အတွင်း၊ ဆလပ်ရွက် (တစ်စည်း) လျှင် ကျပ် (၂၅၀မှ ၃၅၀) အတွင်း၊ ချဉ်ပေါင်ရွက်(တစ်စည်း)လျှင် ကျပ် (၂၀၀မှ ၃၀၀) အတွင်း၊ ခရမ်းသီး  (ရှည်) (တစ်ပိဿာ) လျှင် ကျပ် (၁၀၀၀မှ ၁၅၀၀) အတွင်း၊ သံပရာသီး(တစ်လုံး)လျှင်ကျပ် (၈၀မှ ၂၀၀) အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (တစ်ပိဿာ) လျှင် ကျပ် (၁၀၀၀မှ ၂၀၀၀) အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး) တစ်လုံးလျှင် ကျပ် (၅၀၀၀မှ ၁၀၀၀၀) အတွင်းဖြစ်ကြောင်းသိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း(၁၆၂၄၇၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၃၆၃၅၅)ကျော်၊ ဘူးသီးအလုံးပေါင်း (၁၄၇၂၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၂၇၅၁)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၇၃၀၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၂၅၁၁၅)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ) ပေါင်း(၁၁၁၉၀)ကျော်၊ ဖရဲသီးလုံးပေါင်း(၁၈၇၀၀)ကျော် စသည်ဖြင့် အသီးသီးကုန်အဝင်ရှိကြောင်းသိရပါသည်။

DOCA(ရန်ကုန်)