စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများနှင့်စီးထွက်မှုအခြေအနေ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များအနက် မုံရွာခရိုင်တွင် စပါး/ဆန်ဈေးနှုန်းများအနည်းငယ်တက်နေပြီး ကျန်ခရိုင်များတွင် ဈေးအေးနေပါကြောင်း သိရှိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာလ (ဒုတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀ လျှင် ကျပ် ၂,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ ပြည်ပါ တစ်အိတ်လျှင် ၉၅,၀၀၀ကျပ်၊ ပေါ်ဆန်း (ဆန်) (ဟောင်း)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၄၅,၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၁,၇၀၀,၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၉၀,၀၀၀ ကျပ်၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၄၅,၀၀၀ ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ် ၁,၈၀၀,၀၀၀၊  နွေစပါး(ရွှေဝါထွန်း) (ဆန်) ၂၄ပြည် ပါတစ်အိတ်လျှင် ကျပ် ၇၃,၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၂,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၉၅,၀၀၀ကျပ်၊ ပေါ်ဆန်း (ဆန်) (ဟောင်း)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၄၅,၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၁,၇၀၀,၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၉၀,၀၀၀ ကျပ်၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၄၅,၀၀၀ ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ် ၁,၈၀၀,၀၀၀၊  နွေစပါး(ရွှေဝါထွန်း) (ဆန်) ၂၄ပြည် ပါတစ်အိတ်လျှင် ကျပ် ၇၃,၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) (သစ်)တင်း ၁၀၀ လျှင် ၁,၇၀၀,၀၀၀၊ ဧည့်မထ (ဆန်) (သစ်)‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၆၅,၀၀၀၊ ဧည့်မထ(စပါး)(‌ဟောင်း) တင်း၁၀၀ လျှင် ၂,၈၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၀၅,၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ၂၈၀၀,၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ၉၅,၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁,၇၀၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၇၅,၀၀၀၊ ဧရာမင်း(စပါး) (ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၂,၈၀၀,၀၀၀၊ ဧရာမင်း(ဆန်)(‌ဟောင်း)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၁၀,၀၀၀၊ နွေစပါး(ဒေသမျိုး)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၁၀၀,၀၀၀၊ နွေစပါး (ဒေသမျိုး)(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၈၅,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါ သည်။

    ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း၁၀၀ လျှင် ကျပ် ၁,၂၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (သစ်) ၂၄ပြည်တစ်အိတ်မှာကျပ် ၆၀,၀၀၀၊ ဆင်းဧကရီ(၃)(စပါး) (ဟောင်း) တင်း၁၀၀ လျှင် ကျပ် ၁,၉၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (ဟောင်း) ၂၄ပြည်တစ်အိတ်မှာကျပ် ၉၀,၀၀၀ ဧရာမင်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၂,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀၊ နွေစပါး(ဆင်း-၃)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၃၀၀,၀၀၀၊ နွေစပါး (ဆင်း-၃) (ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၆၅,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ် နေကြောင်း သိရပါသည်။

     မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၂,၃၀၀,၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၉၅,၀၀၀၊ ဧရာမင်း(စပါး)(ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊  ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၅,၀၀၀၊ ပေါ်ဆန်း (စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊  ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၂၅,၀၀၀၊ ပေါ်ဆန်း (စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၄,၀၀၀,၀၀၀၊  ပေါ်ဆန်း (ဆန်)(ဟောင်း) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၆၀,၀၀၀၊ မနောသုခ(စပါး) (သစ်)တင်း ၁၀၀လျှင် ကျပ် ၁,၇၀၀,၀၀၀၊ မနောသုခ (ဆန်)(သစ်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ ၊မနောသုခ(စပါး)(ဟောင်း) တင်း ၁၀၀လျှင် ကျပ် ၂,၀၀၀,၀၀၀၊ မနောသုခ (ဆန်)(ဟောင်း)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

   ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၂,၉၀၀,၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၂၇,၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၃,၅၅၀,၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည်တစ်အိတ်လျှင် ကျပ် ၁၂၅,၀၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁,၆၅၀,၀၀၀၊ ရွှေဝါထွန်း(ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

   စစ်ကိုင်းတိုင်းဒေသကြီးမှ ဒီဇင်ဘာလ (ပထမ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၉,၅၀၀၊ မန္တလေး သို့ အိတ်ရေ ၁၄,၃၀၀၊ ကချင်သို့ အိတ်ရေ( ၁၀၀၅၂)၊မကွေးသို့ အိတ်ရေ ၂,၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၂,၃၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂,၃၀၀၊ ချင်းသို့ အိတ်ရေ ၁,၆၂၇၊ မွန်သို့ အိတ်ရေ ၂,၆၁၀ စုစုပေါင်း အိတ်ရေ (၄၄၆၈၉) အိတ်၊ တန်အား ဖြင့် (၂၂,၃၄)စီးထွက်ခဲ့သည့်ပြီး ယခု ဒီဇင်ဘာလ (ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၃,၂၀၀၊ မန္တလေး သို့ အိတ်ရေ ၁၇,၃၀၀၊ ကချင်သို့ အိတ်ရေ ၂,၇၈၈၊ နေပြည်တော်သို့ အိတ်ရေ ၃,၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂,၃၀၀၊ မွန်သို့ အိတ်ရေ ၂,၇၈၀ စုစုပေါင်း အိတ်ရေ (၄,၁၈၆၈) အိတ်၊ တန်အားဖြင့် (၂၀၉၃) စီးထွက်ခဲ့သည့်အတွက်  ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၂၈၂၁) အိတ်၊ တန်အားဖြင့် (၁၄၁) လျော့နည်း၍ စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)