ကျွန်းလှမြို့တွင် အသင့်သောက်အချိုရည်အမျိုးမျိုးရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ (၈)ရက်နေ့ နံနက် (၀၈:၃၀)နာရီ အချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်အတွင်းရှိ အသင့်သောက်အချိုရည်အမျိုးမျိုး ရောင်းချသည့်ဆိုင်များအား ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်မှ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဦးစားပေးစစ်ဆေးရန် သတ်မှတ်ထားသော အသင့်သောက် အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်စုံဆိုင်များတွင်ရောင်းချလျက်ရှိသည့် Ve Ve  အမှတ်တံဆိပ် အချိုရည်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားသည်ကို စိစစ်တွေ့ရှိရကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်  မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားသည့်  ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန်နှင့် မိမိတို့ထံ လက်ဝယ် လာရောက်ပို့ဆောင်သော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား မပြည့်စုံပါက လာရောက်ပို့ဆောင်သူအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ထည့်သွင်းပေးရန် စကားလက်ဆင့်ကမ်း ပြောကြားပေးပါရန်နှင့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၏ အတည်ပြုချက်ရယူနိုင်ရေး ဆောင်ရွက်ကြရန် ၊ မိမိတို့ စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသား လျှောက်ထားရာတွင် အခမဲ့ကူညီ ဆောင်ရွက်ပေးပါကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)