“ မိုးပဲတီစိမ်းစိုက်ပျိုး ဝင်ငွေတိုး ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်သော ဒေသဖြစ်သည့်အလျောက် သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးကြပြီး ဆည်ရေသောက်ဒေသ ဖြစ်သောကြောင့် တစ်နှစ်ပတ်လုံးစိုက်ပျိုးလျက်ရှိကြပါသည်။ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် ခရိုင်အတွင်း မိုးပဲတီစိမ်းစိုက်ဧက (၂၁၅၂၀)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခုလက်ရှိအချိန်ထိ (၁၇၉၀၅)ဧကရိတ်သိမ်းနိုင်ခဲ့ကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် (၁၇-၁၈)တင်းထွက်ရှိပြီး စုစုပေါင်းအထွက်နှုန်းအနေဖြင့် (၃၁၀၃၅၉)တင်းထွက်ရှိကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ မိုးပဲတီစိမ်းစိုက်ပျိုးမှုအနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၂၉၅၀၀၀)ကျပ်ဝန်းကျင်ခန့်ကုန်ကျပြီး မျိုးအနေဖြင့် ကျောက်စိမ်းမျိုး၊ ရေဆင်း(၁၁)မျိုးများကို အများဆုံးစိုက်ပျိုးကြပါသည်။ ပဲတီစိမ်းစိုက်ပျိုးမှုတွင် မိုးပဲတီစိမ်းမှာ အထွက်ပိုကြောင်း၊ မိုးရွာသွန်းမှုအားကောင်းသောကြောင့် အသီးအပွင့်များ ဝေဝေဆာဆာပွင့်သီးသဖြင့် အထွက်ပိုကြောင်း၊ ယခင်ပဲတီစိမ်းပေါက်ဈေးမှာ (၆၀၅၀၀)ကျပ်ဈေးနှုန်းရှိခဲ့ပြီး ယခုလက်ရှိ ပေါက်စျေးအနေဖြင့် ပဲတီစိမ်းတစ်တင်းလျှင် (၄၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။ယခုနှစ်ပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းသော်လည်း အထွက်နှုန်းကောင်းမွန်သောကြောင့် စိုက်ပျိုးစရိတ်၊ လုပ်သားခများနုတ်ပါက အကျိုးအမြတ်အနေဖြင့် (၃၈၅၀၀၀)ကျပ်ခန့်ရှိကြောင်း ပဲတီစိမ်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)