“အစောစိုက်မိုးစပါးများ စတင်ရိတ်သိမ်းလျက်ရှိ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်၌ မိုးစပါးစိုက်ဧက (၁၅၃၁၄)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခုနိုဝင်ဘာလကုန်အပတ်မှစတင်၍ အစောစိုက်မိုးစပါးများကိုစတင်ရိတ်သိမ်းလျက်ရှိပါသည်။ မိုးစပါးစိုက်ပျိုးရာတွင် (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၇၅၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် တင်း(၇၀) မှ (၇၅)တင်းအထိထွက်ရှိကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှုအားကောင်းသောကြောင့် ရေသွင်းစရိတ်သက်သာကြောင်း၊ မိုးစပါးအသစ်ဧရာပဒေသာစပါး(၁)တင်းလျှင် (၂၂၀၀၀)ကျပ်၊ မနောသုခစပါး(၁)တင်းလျှင် (၁၈၀၀၀)ကျပ်မှ (၁၈၅၀၀)ကျပ်စျေးနှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ လက်ကျန်အဟောင်း ဧရာပဒေသာစပါး(၁)တင်းလျှင် (၃၅၀၀၀)ကျပ်၊ မနောသုခစပါး (၁)တင်းလျှင် (၂၉၀၀၀)ကျပ်စျေးနှုန်းတို့းဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ ဆန်စျေးနှုန်းအနေဖြင့် ဧရာပဒေသာဆန် (အဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ မနောသုခဆန် (အဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် (၉၂၀၀၀)ကျပ်စျေးနှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ကုန်သည်၊ ပွဲစားများထံမှသိရှိရပါသည်။ မိုးစပါးရိတ်သိမ်းပြီးလယ်ကွက်များတွင် ဆောင်းကုလားပဲများကို စိုက်ပျိုးမည်ဖြစ်ကြောင်း၊ မိုးစပါးစိုက်ပျိုးမှုတွင် စိုက်ပျိုးစရိတ်၊ လုပ်သားခများနုတ်ပါက ယခုနှစ်တွင် တောင်သူများအနေဖြင့် ဧရာပဒေသာစိုက်ပျိုးမှုမှ (၉၀၀၀၀၀)ကျပ်၊ မနောသုခစိုက်ပျိုးမှုမှ (၆၃၇၅၀၀)ကျပ်ခန့်အကျိုးအမြတ်ရရှိကြောင်း မိုးစပါးရိတ်သိမ်းပြီးဖြစ်သော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)