“မိုးနှမ်းစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် နှမ်းကို တစ်နှစ်ပတ်လုံးစိုက်ပျိုးလျက်ရှိပြီး ခရိုင်အတွင်း၌ မိုးနှမ်းစိုက်ဧက(၆၇၈၃)ဧကစိုက်ပျိုးထားရှိရာ ယခုအချိန်ထိ ရိတ်သိမ်းဧက (၅၇၆၈)ဧကရိတ်သိမ်းပြီးစီးကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ မိုးနှမ်းစိုက်ပျိုးမှု (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်  စုစုပေါင်း(၂၄၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့် (၁၀-၁၁)တင်းအထိထွက်ရှိပြီး နွေနှမ်းထက် အထွက်နှုန်းအနည်းငယ်လျော့နည်းကြောင်း၊ စိုက်ပျိုးသောမျိုးများမှာ နှမ်းဖြူ၊ နှမ်းညိုနှင့် နှမ်းနက်မျိုးများကိုစိုက်ပျိုးကြပြီး အများဆုံးစိုက်ပျိုးသော မိုးနှမ်းမှာနှမ်းနက်ကို အများဆုံးစိုက်ပျိုးကြပါသည်။ နှမ်းဈေးနှုန်းအနေဖြင့်  ယခင်တွင် နှမ်းဖြူ(၁)တင်းလျှင် (၅၉၀၀၀)ကျပ်၊ နှမ်းညို(၁)တင်းလျှင် (၅၄၀၀၀)ကျပ်၊ နှမ်းနက်ရိုးရိုး (၁)တင်းလျှင် (၅၄၀၀၀)ကျပ်၊ နှမ်းနက်စမုံ(၁)တင်းလျှင် (၅၂၀၀၀)ကျပ်ဈေးနှုန်းတို့ားရှိပြီး ယခုလက်ရှိ နှမ်းဈေးနှုန်းအနေဖြင့် နှမ်းဖြူ(၁)တင်းလျှင် (၁၂၀၀၀၀)ကျပ်၊ နှမ်းညို(၁)တင်းလျှင် (၉၀၀၀၀)ကျပ်၊ နှမ်းနက်ရိုးရိုး(၁)တင်းလျှင် (၈၀၀၀၀)ကျပ်၊ နှမ်းနက်စမုံ(၁)တင်းလျှင် (၈၅၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်ရောင်းဝယ်လျက်ရှိပြီး ယခုလက်ရှိတွင် နှမ်းဆီ(၁)ပိဿာလျှင် (၁၃၄၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ နှမ်းဈေးနှုန်းနှင့် နှမ်းဆီဈေးနှုန်းများ ကောင်းမွန်သောကြောင့် စိုက်စရိတ်ကုန်ကျမှုနည်းပါးပြီး အကျိုးအမြတ်များသောမိုးနှမ်းများကို တောင်သူများ အများဆုံးစိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)