စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သရက်မြို့၊ မြို့မစည်ပင်သာယာဈေး၌ (၁၁.၁၂.၂၀၂၃)ရက်နေ့၊ နံနက်(၀၈း၃၀)အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေး စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်စေရန်အတွက် အပတ်စဉ် ပလတ်စတစ် Campaign အသိပညာပေးမှု လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ပလတ်စတစ်အိတ်များအစား သဘာဝအင်ဖက်၊ ငှက်ပျောဖက်များဖြင့် အစားထိုးအသုံးပြုစေရန် စည်ပင်သာယာဈေးအတွင်းရှိ ဈေးသည်များအား အသိပညာပေးပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)အတွင်း မြို့မစည်ပင်သာယာဈေး၌ ဖြစ်ပေါ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများအား မေးမြန်းစုံစမ်းရာ ဆီ(၁)ပိဿာလျှင် ပဲဆီ ကျပ်(၁၄၀၀၀)၊ နှမ်းဆီ ကျပ်(၁၄၅၀၀မှ၁၅၀၀၀)၊ အာလူး(အကြီး၊အသေး) အရွယ်အစား အလိုက် (၁)ပိဿာလျှင် ကျပ်(၃၀၀၀မှ ၃၃၀၀)၊ ကြက်သွန်ဖြူ (အကြီး၊အသေး) (၁)ပိဿာလျှင် ကျပ် (၁၃၀၀၀မှ ၁၄၀၀၀)၊ ကြက်သွန်နီ (အသေး၊ အလတ်၊ အကြီး) (၁)ပိဿာလျှင် ကျပ်(၃၅၀၀၊ ၃၈၀၀၊ ၄၀၀၀)၊ ကုလားပဲ (ခွဲခြမ်း) (၁)ပိဿာလျှင် ကျပ်(၆၀၀၀မှ ၆၅၀၀)၊ ငရုတ်စို(အမှည့်)(၁)ပိဿာလျှင် ကျပ်(၃၅၀၀မှ ၄၀၀၀)၊ ငရုတ်ခြောက် (၁)ပိဿာလျှင် ကျပ် (၁၈၀၀၀မှ ၂၀၀၀၀)၊ ခရမ်းချဉ်သီး (ကြာကွက်သီး) (၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ (ရှမ်းသီး) (၁)ပိဿာလျှင် ကျပ်(၂၀၀၀မှ ၂၂၀၀)၊ ကြက်သား(CP) (၁)ပိဿာလျှင် ကျပ် (၁၁၀၀၀မှ ၁၄၀၀၀)၊ ကြက်သား (ဗမာ) (၁)ပိဿာလျှင် ကျပ်(၁၇၀၀၀မှ ၁၈၀၀၀)၊ ဝက်သား (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အမဲသား (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သား (၁)ပိဿာ လျှင် ကျပ်(၁၆၀၀၀)၊ ငါးကြင်း(၁)ပိဿာလျှင် အကောင်(အကြီး) ကျပ်(၁၅၀၀၀)၊ အာဗြဲခြောက်(ငါးခြောက်)(၁)ပိဿာလျှင် အကောင်အကြီး၊ အသေးအလိုက် ကျပ်(၂၅၀၀၀မှ ၃၅၀၀၀)ဖြင့် ဈေးနှုန်းအသီးသီးရှိခဲ့ပါကြောင်း၊ ဒီဇင်ဘာလ (ပထမပတ်)ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအတက်အကျမရှိပဲ နေ့စဉ်ပုံမှန် အရောင်းအဝယ် ဖြစ်လျက်ရှိပါကြောင်း မြို့မစည်ပင်သာယာဈေးအတွင်းရှိ ဈေးသည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)