“ကျောက်ဆည်ခရိုင်အတွင်းရောင်းချနေသောအခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များမှာ ဧရာပဒေသာဆန်တစ်ပြည် (၅၇၀ဝိ/-)ကျပ်၊ ဧရာပဒေသာဆန်(၂၄)ပြည် တစ်အိတ်လျှင်(၁၃၅၀၀ဝိ/-) ကျပ်၊မနောသုခဆန်တစ်ပြည် (၄၀၀ဝိ/-)ကျပ်၊ မနောသုခဆန်(၂၄)ပြည်တစ်အိတ်လျှင် (၉၅၀၀ဝိ/)ကျပ် ခရမ်းချဉ်သီး(ရှမ်း)လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၁၀ဝိ/-)ကျပ်၊ ကြက်သွန်နီလက်လီဈေးနှုန်းမှာ(ကြီး)တစ်ပိဿာလျှင် (၃၇၀ဝိ/-)ကျပ် ၊ (လတ်)တစ်ပိဿာလျှင် (၃၅၀ဝိ/-)ကျပ် ၊ (အသေး) တစ်ပိဿာလျှင်(၃၂၀ဝိ/-)ကျပ် ၊ ကြက်သွန်ဖြူလက်လီ(ရှမ်း) တစ်ပိဿာလျှင် (၁၄၅၀ဝိ/-)ကျပ် ၊ အာလူးတစ်ပိဿာလျှင် (၂၈၀ဝိ/-)ကျပ် ၊ မန်ကျည်းသီး (ဟောင်း) တစ်ပိဿာလျှင် (၄၅၀ဝိ/-)ကျပ်၊ မန်ကျည်းသီး(သစ်)တစ်ပိဿာလျှင် (၄၀၀ဝိ/-)ကျပ် ၊ ဂျင်းတစ်ပိဿာလျှင်(၃၅၀ဝိ/-) ကျပ် ၊ ဆားတစ်ပိဿာလျှင်(၅၀ဝိ/-)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည် ။ ကျောက်ဆည်ခရိုင်၏ သား၊ငါးဈေးနှုန်းများမှာ ကြက်သား(ဗမာ)တစ်ပိဿာလျှင် (၁၈၀၀ဝိ/-)ကျပ်၊ ကြက်သား(CP) တစ်ပိဿာလျှင် (၁၂၀၀ဝိ/-)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၈၀၀ဝိ/-)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၆၀၀ဝိ/-)ကျပ် ၊ ဆိတ်သားတစ်ပိဿာလျှင် (၂၇၀၀ဝိ/-)ကျပ် နှင့် ငါးအုံတုံတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ် ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်(၈၀၀၀)ကျပ် ၊ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဆီဈေးနှုန်းများအနေဖြင့် ပဲဆီသန့်တစ်ပိဿာလျှင် (၁၃၀၀ဝိ/-)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင်(၁၃၀၀ဝိ/-)ကျပ်၊ နေကြာဆီသန့်တစ်ပိဿာလျှင် (၁၄၀၀ဝိ/-)ကျပ် စျေးနှုန်းများ ဖြစ်ပြီး စားဆီတစ်ပိဿာလျှင် (၅၃၅၅/-)ကျပ် ဈေးနှုန်းမှာ ဆိုင်ထိုင်ရောင်းစျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည် ။ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများအား ယခင်ဒီဇင်ဘာလ ပထမပတ်နှင့် ဒီဇင်ဘာလ ဒုတိယပတ် နှိုင်းယှဉ်ပါက အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)