ပခုက္ကူမြို့နယ်၏ ပဲစဉ်းငုံနီစိုက်ပျိုးထွက်ရှိမှုအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ပဲစဉ်းငုံနီ၊ ပဲနီ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲနှောက်၊ ပဲအမျိုးမျိုး၊ နှမ်းနှင့် မြေပဲတို့ကို အဓိကစိုက်ပျိုးကြပါသည်။ ပခုက္ကူမြို့နယ်တွင်  ပဲစဉ်းငုံနီကို ကုန်းခြောက်တောများဖြစ်သည့် ချောက်ကန်အုပ်စုရှိ ကျေးရွာများဖြစ်သော အရှေ့ချောက်ကန်၊ အနောက်ချောက်ကန်၊ မန်ကျည်းကိုးပင်ကျေးရွာများနှင့် အခြားကျေးရွာများတွင် စိုက်ဧက(၂၀၀၀၀) ဧကကျော်ရှိပြီး  သီးညှပ်သီးနှံအဖြစ်စိုက်ပျိုးကြကြောင်း၊ တချို့တောင်သူများမှာ နှစ်သီးစားစိုက်ပျိုးကြပြီး စိုက်ပျိုးသောမျိုးမှာ  သက်လတ်မျိုးနှင့် သက်ကြီးမျိုးကိုစိုက်ပျိုးကြသည်။

      ပဲစဉ်းငုံနီကို မြေပဲ၊ ပဲနောက်ခင်းများတွင် မြောင်းများထိုး၍ စိုက်ပျိုးကြပြီး တစ်မြောင်းလျှင်  (၇)ပေကြား/ (၈) ပေကြားစိုက်ပျိုးကြကြောင်း၊ မျိုးစေ့တစ်ပြည်လျှင် ကျပ်(၆၉၀၀)ဖြင့်ဝယ်ယူပြီး  တစ်ဧကလျှင် (၃)ပြည်ကြဲပတ်ကြကြောင်း၊  သက်လတ်မျိုးကို နယုန်လမှစ၍ စိုက်ပျိုးပြီး နတ်တော်လဆန်းတွင် အပွင့်များစတင်ပွင့်ပြီး ပြာသိုလ်လတွင် အသီးများခူးစွတ်ပြီး ရိတ် သိမ်းရကြောင်း၊ ပဲစဉ်းငုံနီကို စတင်စိုက်ပျိုးချိန်မှစ၍ မြေဆီအဖြစ် ကျောက်မှုန့်များကြဲပက်ရပြီး နွားချေးများကို လှည်း (၁၀)စီးခန့်ချရကြောင်း၊ လှည်းတစ်စီးတွင် နွားချေး (၁၅) အိတ်ခန့်ပါကြောင်း၊ ပေါင်းပင်များကိုလည်း စတင်စိုက်ပျိုးချိန်၌ တစ်ခါနုတ်ရပြီး အသီးအပွင့်များထွက်ရှိချိန်တွင် တစ်ခါနုတ်ရကြောင်း၊  သက်ကြီးမျိုးကို ကဆုန်လတွင် စတင်စိုက်ပျိုးပြီး တပေါင်းလတွင် ရိတ်သိမ်းကြကြောင်း၊ လုပ်သားခအနေဖြင့် မိန်းကလေးတစ်ဦးလျှင် ကျပ် (၅၀၀၀)၊ အမျိုးသားတစ်ဦးလျှင် ကျပ် (၆၀၀၀) ပေးရကြောင်း၊ စိုက်ပျိုးထွက်ရှိမှုမှ ာတစ်ဧကလျှင် (၁၀)တင်းမှ (၁၅)တင်းအထိထွက်ရှိကြောင်း တောင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)