ပြည်ဈေးကွက်သို့ ဘိုကိတ်ပဲသစ်များ ဝင်ရောက်လာပြီး လက်လီ/ကားရောင်းဝယ်မှုဖြစ်နေ-

Powered by Drupal

     ပြည်ပဲဈေးကွက်သို့ ဆောင်းပဲသစ်များဝင်ရောက်လျက်ရှိရာ ဘိုကိတ်ပဲသီးနှံသည်လည်း နေ့စဉ် ဝင်ရောက်လျက်ရှိခဲ့ပါသည်။ ပြည်မြို့နယ်နှင့် ပန်းတောင်း၊ ဥသျှစ်ပင်ဖက်မှ ဝင်ရောက်လျက်ရှိကာ တစ်ရက်လျှင် အိတ် ၁၀၀/၁၅၀ ကျော် ဝင်ရောက်သည်ဟု သိရပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် လက်လီသမားများ ပုံမှန်ဝယ်ယူနေကြသလို လက်ကားသမားများလည်း ဝယ်ယူမှုရှိခဲ့ကြပါသည်။ ဒါ့ကြောင့် ဝင်ရောက်လာသမျှာပဲသစ်အားလုံး လက်လီ/လက်ကား အရောင်းအဝယ်သွက်နေခဲ့ပါသည်။ ပဲဈေးမှာ တစ်တင်းလျှင် ၇၂၀၀၀ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူနေကြသည့်အတွက် ယခင်နှစ်ဈေးထက် ဈေးကောင်းပိုရနေခဲ့ပါသည်။ ယခင်နှစ်က ပဲသစ်ပေါ်စအဖွင့်ဈေးမှာ ပဲတစ်တင်း ၄၂၀၀၀ကျပ်၊ ၄၅၀၀၀ကျပ်ဖြင့်သာ ကျပ်၅သောင်းအောက် လျော့နည်းရောင်းဝယ်မှုဖြစ်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)