မိုးမြေပဲများ စိုက်ပျိုးထွက်ရှိမှုအခြေအနေ

Powered by Drupal

     ပြည်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၃-၂၀၂၄ ခုနှစ်မိုးမြေပဲများ စိုက်ပျိုးလျက်ရှိရာ၊ ပြည်မြို့နယ်တွင် စိုက်ပျိုးရန်လျာထား ၁၀၉၉၈ ဧက အနက် ၁၂၇၅၉ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၁၂၇၅၉ ဧကရိတ်သိမ်း၍ ၉၀၇၁၁၆၅ တင်းထွက်ရှိခဲ့ကာ တစ်ဧကအထွက်နှုန်းအနေဖြင့် (၇၁)တင်း ထွက်ရှိကြောင်း သိရပါသည်။ ပေါက်ခေါင်းမြို့နယ်တွင် စိုက်ပျိုးရန်လျာထားဧကမှာ ၁၅၃၃၄ အနက် ၁၅၃၄၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၁၅၃၄၃ဧက ရိတ်သိမ်း၍  ၁၀၈၄၁၃၆ တင်းထွက်ရှိခဲ့ကာ တစ်ဧက အထွက်နှုန်းအားဖြင့် ၇၀.၆၆ တင်းထွက်ရှိကြောင်း သိရပါသည်။ ပန်းတောင်းမြို့နယ်တွင် စိုက်ပျိုးရန် လျာထား ၃၇၂၂ ဧကအနက် ၃၈၃၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၃၈၃၃ဧက ရိတ်သိမ်း၍ ၂၆၉၂၆၈ တင်းထွက်ရှိကာ တစ်ဧကအထွက်နှုန်းအားဖြင့် ၇၀.၂၅တင်းထွက်ရှိကြောင်း သိရပါသည်။ ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးရန်လျာထား ၇၈၉၉ ဧကအနက် ၉၃၇၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၉၃၇၃ ဧကရိတ်သိမ်း၍ ၆၃၈၂၀၈ တင်းထွက်ရှိခဲ့ကာ တစ်ဧကအထွက်နှုန်းအားဖြင့် ၆၀.၀၉ တင်းထွက် ရှိပါသည်။ ပြည်ခရိုင်အနေဖြင့် စိုက်ပျိုးရန်လျာထား ၃၇၉၅၃ ဧက အနက် ၄၁၃၀၈ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၄၁၃၀၈ ဧကရိတ်သိမ်း၍ ၂၈၉၈၇၇၇ တင်းထွက်ရှိခဲ့ကာ တစ်ဧကအထွက်နှုန်းအားဖြင့် ၇၀.၁၇ တင်းထွက်ရှိပါသည်။ မိုးမြေပဲကို မေလနှင့် ဇွန်လတို့တွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ရိတ်သိမ်းကာ လက်ရှိမြေပြင်၌ မိုးမြေပဲဆန် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဈေးနှုန်းမှာ လုံးဆန်တစ်ပိဿာလျှင် ၆၀၀၀ကျပ်နှင့် ဆီဆန်တစ်ပိဿာလျှင် ၅၅၀၀ကျပ် အထိ မြေပဲဆန်အရည်အသွေးကောင်းမွန်မှုအပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)