နယ်ဝယ်လက်အဝယ်လိုက်လာသော ပြည်ချင်းများဈေးတက်နေ

Powered by Drupal

    ချင်းထွက်ရှိရာ ရှမ်းပြည်အောင်ပန်းဒေသတို့တွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်) အတွင်း၌ ာ(ချင်း) အဝယ လိုက်နေပြီး အဓိကဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အဝယ်လိုက်လာတာကြောင့် နယ်ဝယ်လက်များမှာ ချင်းဈေးအမြင့်ဖြင့်ဝယ်ယူနေရကြောင်းသိရပါသည်။ ပြည်(ပွဲရုံ)များသို့ဝင်ရောက်လာသော ချင်းအစိုတက်မှာ အရည်အသွေးကောင်းတာကြောင့် ကြံခင်း၊ ဟင်္သာတ၊ တောင်တွင်းနှင့် ဒေသတွင်းဈေးများကလည်း အဝယ်များနေကြောင်းသိရပါသည်။ ယခုအပတ်တွင် (ချင်း)တစ်ပိဿာလျှင် ပွဲရုံဈေး (၄၀၀၀-၆၅၀၀) ကျပ်ဈေးနှုန်းဖြစ်ပြီး လက်လီအရောင်းဈေးများတွင် (၇၀၀၀-၈၀၀၀) ကျပ်ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိပါသည်။ ဒါးလှီး(ချင်း) ဖတ်များကိုမူ တစ်ပိဿာလျှင် ၄၅၀၀ကျပ်ဈေးနှုန်းဖြင့် ရောင်းချနေသည်ကိုလည်းတွေ့ရပါသည်။

DOCA(ပဲခူး)