လက်ပံတန်းမြို့၏ ဓာတ်မြေသြဇာနှင့် ဘိလပ်မြေစျေးကွက်

Powered by Drupal

 

             ပဲခူးတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေသြဇာ ကုမ္ပဏီများနှင့် အရောင်းဆိုင်များတွင် ဓာတ်မြေသြဇာအမျိုးမျိုး ရောင်းချလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ တောင်သူများအနေဖြင့် ပုလဲဓာတ်မြေသြဇာများဖြစ်သည့် မြင်းပျံ၊ သြဘာ၊ ရွှေနဂါး၊ အာမို ၊ ကောမတ်ဓာတ်မြေသြဇာများအား အများဆုံးအသုံးပြုလျက်ရှိပါသည်။

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်တွင် ဓာတ်မြေသြဇာနှင့် ဘိလပ်မြေစျေးများ မြင့်တက်လျက်ရှိပြီး စျေးကွက်အတွင်း အရောင်းအဝယ်အေးလျက် ရှိကြောင်း သိရှိရပါသည်။ ဓာတ်မြေသြဇာစျေးနှုန်းများမှာ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ တတိယအပတ်တွင် ယူရီးယား (မြင်းပျံ) တစ်အိတ်လျှင် ၉၀၀၀၀ကျပ်  ၊ ယူရီးယား (မိုးနဂါး) တစ်အိတ်လျှင် ၈၅၀၀၀ကျပ် ၊ တီစူပါ (သံကွင်း)တစ်အိတ် လျှင် ၆၆၀၀၀ကျပ် ၊ ကွန်ပေါင်း( အာမို) တစ်အိတ်လျှင် ၈၅၀၀၀ကျပ်တို့ဖြင့် စျေးကွက်အတွင်း ရောင်းဝယ်လျက်ရှိကြောင်း  သိရှိရပါသည်။

           ဘိလပ်မြေစျေးနှုန်းများမှာ ကြံ့နှစ်ကောင် (အနီ) တစ်အိတ်လျှင် ၉၀၀၀ကျပ် ၊ အယ်ဖာတစ်အိတ်လျှင် ၉၅၀၀ကျပ် ၊ အပါချီတစ်အိတ်လျှင် ၈၅၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး