နတ်တလင်းမြို့နယ်၌ တွက်ခြေကိုက်ပြီး ဝင်ငွေများရရှိနိုင်သည့် ကီလိုမာလကာ (ကိုင်းကူး)ပင်များစိုက်ပျိုးမှုများနေ

Powered by Drupal

    နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့နယ်၊ ကျေးရွာတချို့မှ ခြံစိုက်တောင်သူများသည် စင်တင်သီးနှံစိုက်ပျိုးရာတွင် ဝါးဈေးနှုန်းကြီးမြင့်မှုကြောင့် ၂၀၂၃ခုနှစ်အတွင်း စင်တင်သီးနှံများအစား တွက်ချေကိုက်ပြီး ဈေးကွက်ရှိသည့် ကီလိုမာလကာ (ကိုင်းကူး)ပင်များကိုစိုက်ပျိုးလာကြောင်းသိရှိရပြီး ကီလိုမာလကာသီးစိုက်ပျိုးသည့်ခြံများမှ တစ်ပင်လျှင် အပင်အရွယ်အစားကိုလိုက်၍ (၃၅၀၀-၄၀၀၀) ကျပ်နှုန်းဖြင့်ရောင်းချနေကြောင်းသိရပါသည်။

      ကီလိုမာလကာကိုင်းကူးခြင်းကို မိုးကာလ ဇွန်လနှင့် ဇူလိုင်လတို့တွင် စတင်၍ကိုင်းကူးကြောင်း၊ ကိုင်းကူးပြီး (၄-၅)လခန့်အကြာ၌ အမြစ်များထွက်ပါက ကိုင်းကူးများအား ပျိုးထုပ် အတွင်းသို့ ရွေ့ပြောင်းစိုက်ပျိုးရကြောင်း၊ ပျိုးထုပ်သက် (၇-၈)လခန့်ကြာပါက စိုက်ခင်းအတွင်းသို့ ပြောင်းရွေ့စိုက်ပျိုးနိုင်ကြောင်း၊ ‌ရွေ့ပြောင်းစိုက်ပျိုးပြီး (၁)နှစ်ခန့်ကြာပါက အရည်အသွေးပြည့်ဝသည့် ကီလိုမာလကာသီးများကို စတင်ခူးဆွတ်နိုင်ပြီဖြစ်ကြောင်း၊ ကီလိုမာလကာစိုက်ပျိုးမည်ဆိုပါက တစ်ဧကလျှင် ပင်ခြားတန်းခြား (၁၁)ပေဖြင့် အပင်ရေ (၃၂၀) ပင်ခန့်စိုက်ပျိုးနိုင်မည်ဖြစ်ပြီး ကြားသီးနှံအဖြစ် စပါးလင်ပင်များကိုလည်းထည့်သွင်းစိုက်ပျိုးနိုင်ခြင်းကြောင့် ကီလိုမာလကာစိုက်ပျိုးခြင်းဖြင့် တွက်ခြေကိုက်ပြီး ဝင်ငွေများရရှိနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)