ရွှေဘိုမြို့၌ စားသုံးဆီဈေးနှုန်းများအနည်းငယ်မြင့်တက်

Powered by Drupal

   စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီဈေးနှုန်းများအနည်းငယ်ကျဆင်းလျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှသိရှိရပါသည်။

     ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကားရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး ဒီဇင်ဘာလ ပထမပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၅၁၀၀)ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဒီဇင်ဘာလ ဒုတိယပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၅၄၀၀) ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် စားသုံးဆီတစ်ပိဿာဈေးနှုန်းတို့ကိုနှိုင်းယှည်ကြည့်ပါက ပဲဆီသန့်နှင့် နှမ်းဆီသန့်ဈေးနှုန်းတို့မှာ   ယခင်အပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး စားအုန်းဆီဈေးနှုန်းမှာ  တစ်ပိဿာလျှင် (၃၀၀)ကျပ်ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း စားသုံးဆီ လက်ကားအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)