စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ခရိုင်စီမံအုပ်ချုပ်ရေးရာအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားဝတ်နေရေးအထောက်အပံ့ဖြစ်စေရန်အတွက် တန်ဖိုးသင့်စားသောက်ကုန်များဖြစ်သည့် စားအုန်းဆီနှင့်ဆန်များအား ဈေးနှုန်းချိုသာစွာရောင်းချခဲ့ပါသည်။
တန်ဖိုးသင့်စားသောက်ကုန်များဖြစ်သည့် ဆီ(၅၀)ကျပ်သား (၁)ဘူးလျှင် (၂၇၀ဝိ/-)ကျပ်နှုန်းဖြင့် ဆီ (၃၅၀)ဘူး၊ ဆန် (၁)ပြည်လျှင် (၂၅၀ဝိ/-)ကျပ်နှုန်းဖြင့် ပြည် (၄၀၀)တို့ကိုရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)