ရွှေဘိုမြို့၊ ကုန်းဘောင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

   ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေး၌ ဒီဇင်ဘာလ ဒုတိယပတ်တွင်ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ တောင်ကြီးမြို့နှင့်  ပြင်ဦးလွင်မြို့မှထွက်ရှိသည့် ထောပတ်သီးတစ်လုံးလျှင် (၅၀၀)ကျပ်မှ (၁၃၀၀)ကျပ်အထိ၊ စတော်ဘယ်ရီသီးတစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ပန်းသီးတစ်လုံးလျှင် (၈၀၀)ကျပ်မှ (၃၀၀၀)ကျပ်အထိ၊ ပန်းသစ်တော်သီး တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ မန္တလေးပွဲရုံများမှ မှာယူရောင်းချသည့် ပျားလိမ္မော်တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ရွှေလိမ္မော်တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ကျွဲကောသီးတစ်လုံးလျင်(၃၀၀၀)ကျပ်၊ ဩဇာသီးတစ်လုံးလျှင် (၃၀၀)ကျပ်မှ (၅၀၀)ကျပ်အထိ၊ ဆီးပန်းသီးတစ်လုံးလျှင် (၂၅၀)ကျပ်၊ သခွားမွှေးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ရမည်းသင်းမြို့မှထွက်ရှိသည့် စပျစ်သီး အချွန်းသီး(အစေ့လွတ်) တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ စပျစ်သီး အဝိုင်းသီးတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ သလဲသီးတစ်လုံးလျှင် (၇၀၀) ကျပ်မှ (၁၃၀၀)ကျပ်အထိ၊ ပင်မှည့်သီးတစ်လုံးလျှင် (၂၀၀)ကျပ်၊ ကဗ္ဗလာသီးတစ်လုံးလျှင် (၂၅၀)ကျပ်၊ ဆားတောင်မြို့နှင့် ရွှေပန်းကုန်းရွာမှထွက်ရှိသည့် ငှက်ပျောသီး ဖီးကြမ်းတစ်ဖီးလျှင် (၂၀၀၀)ကျပ်၊ ဖရဲသီးတစ်လုံးလျှင် (၁၃၀၀)ကျပ်မှ (၂၀၀၀)ကျပ်အထိ၊ မာလကာသီးတစ်လုံးလျှင် (၃၅၀)ကျပ်၊ ဗန်းမော်မြို့မှ မှာယူရောင်းချသည့် သစ်ကြားသီးတစ်လုံးလျှင် (၁၅၀)ကျပ်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း ကုန်းဘောင်ဈေးအတွင်းရောင်းချနေသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)