“ပဲတောင့်ရှည်သီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်တွင် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးသည့်အပြင် စားဖိုဆောင်သီးနှံများကိုလည်း ရာသီအလိုက် မိသားစုအပိုဝင်ငွေရရှိအောင် စိုက်ပျိုးကြပါသည်။ ၄င်းသီးနှံများအနက် တိုင်ထောင်တစ်လပဲတောင့်ရှည်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြပါသည်။ ယခင်အချိန်က ပဲတောင့်ရှည်သီးနှံများကို လယ်ကန်သင်းရိုးများတွင် စိုက်ပျိုးကြပြီး ယခုအချိန်တွင် လယ်မြေနှင့်ယာမြေများတွင် စီးပွားဖြစ်စိုက်ပျိုးလာကြပါသည် ။ ပဲတောင့်ရှည် စိုက်ပျိုးရာတွင် မျိုးအနေဖြင့် အစိမ်းနု ၊ အစိမ်းရင့် ၊ ကတ္တီပါအနီရောင် မျိုးများသာ အသုံးများကြောင်း ၊ မျှားနီတံဆိပ် မျိုးတစ်ဗူးလျှင်(၂၀၀၀၀/-)ကျပ်ခန့်ပေးဝယ်ရကြောင်း ၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခ ၊ စုစုပေါင်း(၃၀၀၀၀ဝိ/-) ကျပ်ဝန်းကျင်ကုန်ကျကြောင်း ၊ အထွက်နှုန်းအနေဖြင့် မြေအမျိုးအစားပေါ်မူတည်ပြီး (၁)ဧကလျှင် ပိဿာ(၃၅၀-၄၀၀)အထိထွက်ရှိကြောင်း ၊ စျေးကွက်အနေဖြင့် ရာသီပေါ်စအချိန်တွင် ဖောက်  သည်စျေးအနေဖြင့် (၁)ပိဿာလျှင် (၁၅၀ဝိ/-)ကျပ်၊ လက်လီစျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင်(၂၀၀၀/-)ကျပ်ဖြင့် ရောင်းချရပြီး ယခုလှိုင်လှိုင် ထွက်ပေါ်ချိန်တွင် ဖောက်သည်စျေးအနေဖြင့် (၁)ပိဿာလျှင်(၁၀၀ဝိ/-)ကျပ် ၊ လက်လီစျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် (၁၅၀၀/-)ကျပ်ခန့်ရရှိကြောင်း ၊ စျေးနှုန်းကျဆင်းသော်လည်း တောင်သူများတွက်ချေကိုက်လျက်ရှိကြောင်း ၊ စိုက်ပျိုးစရိတ်သက်သာပြီး အပိုဝင်ငွေလည်းရရှိသောကြောင့် ပဲတောင့်ရှည်သီးနှံကို စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)