ကန့်ဘလူခရိုင်၏ ဒီဇင်ဘာလ တတိယပတ်တွင်ဖြစ်ပေါ်နေသော စပါး၊ ဆန်ဈေးနှုန်းများ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရန် ဒေသတွင်းရှိ စက်ပိုင်များ၊ ကုန်သည်များ၊ တောင်သူမျာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ စပါး၊ ဆန်ဈေးနှုန်းများမှာ ကန့်ဘလူခရိုင်အနေဖြင့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်အတွင်းဖြစ်ပေါ်ခဲ့သော စပါး၊ ဆန်ဈေးနှုန်းများအနေဖြင့် ရွှေဘိုပေါ်ဆန်းစပါး(အသစ်)တင်း(၁၀၀)လျှင် ငွေကျပ်၂၉၀၀၀၀၀၊ ဧရာမင်းစပါး(အသစ်)တင်း (၁၀၀)လျှင် ငွေကျပ်၂၀၀၀၀၀၀နှင့် ရွှေဘိုပေါ်ဆန်းဆန်(အသစ်)(၂၄)ပြည်ပါ တစ်အိတ်လျှင် ငွေကျပ်၁၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်(အဟောင်း)(၂၄)ပြည်ပါတစ်အိတ်လျှင် ငွေကျပ်၁၂၅၀၀၀၊ ဧရာမင်းဆန်(အသစ်) (၂၄)ပြည်ပါတစ်အိတ်လျှင် ငွေကျပ်၈၅၀၀၀၊ ဧရာမင်းဆန်(အဟောင်း)(၂၄)ပြည်ပါတစ်အိတ်လျှင် ငွေကျပ်၁၂၅၅၀၀နှင့် ရွှေဝါထွန်းဆန်(၂၄)ပြည်ပါတစ်အိတ်လျှင် ငွေကျပ်၆၅၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)