ကန့်ဘလူခရိုင်တွင် ဒီဇင်ဘာလ တတိယပတ်တွင်ရောင်းချနေသော ရေထွက်ကုန်ပုစွန်ခြောက်၊ ငါးခြောက်ဈေးနှုန်းများ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ ၊ “မြို့မဈေး”တွင် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများရောင်းချလျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်အတွင်းရောင်းချနေသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများမှာ ယခင်ဒုတိယအပတ်နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ်ပြောင်းလဲမှုရှိပြီး ပုစွန်ခြောက်(အချို) (၁)ပိဿာလျှင် ကျပ်(၅၈၀၀၀)၊ ငါးပုတ်သင်ခြောက် (အကြီး) (၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ငါးပုတ်သင်(အသေး)(၁)ပိဿာလျှင် ကျပ် (၁၁၅၀၀)၊ ငါးကြီးသားခြောက် (၁)ပိဿာလျှင် ကျပ်(၄၃၀၀၀)၊ မြီးဆံသွယ်ခြောက်(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ မိသားစုခြောက် (၁)ပိဿာလျှင် ကျပ် (၁၇၅၀၀)၊ လသာခြောက်(အချို)(၁) ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ လသာခြောက်(အငန်) (၁)ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ ငါးရောင်ခြောက် (၁)ပိဿာလျှင် ကျပ်(၂၂၀၀၀)၊ ပလာတူးခြောက် (၁)ပိဿာလျှင် ကျပ် (၁၃၈၀၀)နှင့် ငါးရံ့ခြောက်အကောင်သေး(၁)ပိဿာလျှင် ကျပ် (၁၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးခြောက်ရောင်းချသည့် ဈေးဆိုင်လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)