ဂန့်ဂေါမြို့၊ မြို့မစည်ပင်သာယာဈေး၌ ဒီဇင်ဘာလ(ဒုတိယပတ်)တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၊ မြို့မစည်ပင်သာယာဈေးတွင် အနီးအနားရှိကျေးရွာများဖြစ်သော ဇာဟော၊ စိုင်ဒူး၊ ပို့ဦး၊ လာပို့တို့မှ ဟင်းသီးဟင်းရွက်များနှင့် ပခုက္ကူ၊ မန္တလေးတို့မှ အသား၊ ငါးများအား လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

  ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ဂန့်ဂေါမြို့၊ မြို့မစည်ပင်သာယာဈေး၌ရောင်းချနေသော အခြေခံစားသောက်ကုန်များ၏ လက်လီဈေးနှုန်းများမှာ ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ ဧရာပဒေသာဆန်တစ်အိတ်လျှင် ကျပ်(၁၃၁၀၀၀)၊ မနောသုခတစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ ဆီဈေးနှုန်းများမှာ ပဲဆီတစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ပဲရောဆီတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ စားဖိုဆောင်သီးနှံများမှာ ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၃၀၀၀)၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ငရုတ်သီးခြောက် တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ဆားတစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ မြေပဲဆံတစ်ပြည်လျှင် ကျပ်(၈၀၀၀)၊ ကုလားပဲခြမ်းတစ်ပြည်လျှင် ကျပ်(၈၅၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ်(၄၅၀၀)၊ သကြားတစ်ပိဿာလျှင် ကျပ်(၄၅၀၀)၊ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၄၅၀၀)၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ အသားငါးဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာလျှင် ကျပ် (၁၅၀၀၀)၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ်(၁၉၀၀၀)၊ အမဲသားတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀) ဖြစ်ကြောင်း မြို့မစည်ပင်ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)