မကွေးကုန်စည်ဒိုင်၌ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော နှမ်းနှင့်ပဲမျိုးစုံဈေးနှုန်းဈေးကွက်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးကုန်စည်ဒိုင်သို့ နှမ်းနှင့်ပဲမျိုးစုံသီးနှံများကို မကွေးမြို့နယ်အတွင်းရှိကျေးရွာများနှင့် ရေနံချောင်း၊ နတ်မောက်မြို့များအပြင် မင်းဘူးမြို့နယ်အတွင်းရှိကျေးရွာများမှလည်း လာရောက်ရောင်းချကြကြောင်းသိရှိရပါသည်။

      မကွေးကုန်စည်ဒိုင်တွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)၌ နှမ်းဖြူ(၁)တင်းလျှင် ကျပ် (၁၁၅၀၀၀)ဖြစ်ခဲ့ပြီး (၁)ရက်လျှင်(၄၅)ပိဿာဝင်အိတ်ဖြင့် အိတ်ရေ(၄၀၀)ခန့်၊ နှမ်းနီ(၁)တင်းလျှင် ကျပ် (၁၀၀၀၀၀)ဖြစ်ပြီး (၁)ရက်လျှင် အိတ်ရေ(၁၀၀)ခန့်၊ နှမ်းနက်(စမုံ)(၁)တင်းလျှင် ကျပ်(၁၁၅၀၀၀)ဖြစ်ခဲ့ပြီး (၁)ရက်လျှင် အိတ်ရေ(၂၈၀)ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်(ပထမပတ်)နှင့်နှိုင်းယှဉ်ပါက ယခု(ဒုတိယပတ်)တွင် နှမ်းဖြူ(၁)တင်းလျှင် ကျပ်(၅၀၀၀)နှင့် နှမ်းနက်(စမုံ)(၁)တင်းလျှင် ကျပ်(၆၀၀၀)ဖြင့် အသီးသီးဈေးနှုန်းမြင့်တက်ခဲ့ပြီး နှမ်းနီမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

     ပဲဈေးနှုန်းများမှာလည်း ဒီဇင်ဘာလ(ဒုတိယပတ်)၌ ပဲတီစိမ်း(၁)တင်းလျှင် ကျပ်(၆၀၀၀၀) ဖြစ်ခဲ့ပြီး (၁)ရက်လျှင် (၃၀)ပိဿာဝင်အိတ်ဖြင့် အိတ်ရေ(၁၀၀)အိတ်ခန့်၊ ကုလားပဲ(HL) (၁)တင်းလျှင် ကျပ်(၈၈၀၀၀)ဖြစ်ခဲ့ပြီး (၁)ရက်လျှင် အိတ်ရေ(၂၈၀)အိတ်ခန့်၊ ကုလားပဲ(929)(၁)တင်းလျှင် ကျပ် (၈၈၅၀၀)ဖြစ်ခဲ့ပြီး (၁)ရက်လျှင် အိတ်ရေ(၁၂၀)အိတ်ခန့်၊ ပဲကြီးဖြူ(၁)တင်းလျှင် ကျပ်(၁၂၀၀၀၀) ဖြစ်ခဲ့ပြီး (၁)ရက်လျှင် အိတ်ရေ(၂၀၀)အိတ်ခန့်၊ ပဲကြီးမဲ(၁)တင်းလျှင် ကျပ်(၈၅၀၀၀)ဖြစ်ခဲ့ပြီး (၁)ရက်လျှင် အိတ်ရေ(၄၀)အိတ်ခန့်၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၉၂၀၀၀)ဖြစ်ပြီး (၁)ရက်လျှင် အိတ်ရေ(၄၀)အိတ်ခန့်၊ စားတော်ပဲ(၁)တင်းလျှင် ကျပ်(၁၂၀၀၀၀)ဖြစ်ခဲ့ပြီး (၁)ရက်လျှင် အိတ်ရေ(၆၀)အိတ်ခန့်၊ ပဲနှောက်(၁) တင်းလျှင် ကျပ်(၅၀၀၀၀)ဖြစ်ခဲ့ပြီး (၁)ရက်လျှင် အိတ်ရေ(၁၀၀)အိတ်ခန့်၊ ပဲလွန်းဝါ(၁)တင်းလျှင် ကျပ်(၆၂၀၀၀)ဖြစ်ခဲ့ပြီး အိတ်ရေ(၂၀၀)အိတ်ခန့်၊ မြေပဲဆီဆံ(အောက်ကျ)(၁)တင်းလျှင် ကျပ်(၆၄၅၀၀) ဖြစ်ခဲ့ပြီး (၁)ရက်လျှင် အိတ်ရေ(၁၀၀၀)အိတ်ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်(ပထမပတ်) နှင့်နှိုင်းယှဉ်ပါက ယခု(ဒုတိယပတ်)တွင် ပဲတီစိမ်းမှာ ကျပ်(၅၀၀၀)၊ ပဲနှောက် ကျပ်(၄၄၀၀)၊ ပဲလွန်းဝါ ကျပ်(၆၈၀၀)၊ ကုလားပဲ(HL) ကျပ်(၁၉၀၀)၊ ကုလားပဲ(929) ကျပ်(၁၅၀၀) ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပဲကြီး ဖြူ၊ ပဲကြီးမဲ၊ မတ်ပဲ၊ စားတော်ပဲ၊ မြေပဲဆီဆံ(အောက်ကျ)တို့မှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

     ဒီဇင်ဘာလ(ဒုတိယပတ်)၌ မကွေးမြို့မှမန္တလေးမြို့သို့ တင်ပို့မှုအနေဖြင့် နှမ်း(၇၈၀)အိတ်နှင့် ရန်ကုန်မြို့သို့ နှမ်း(၁၈၀)အိတ်၊ စုစုပေါင်း နှမ်း(၉၆၀)အိတ်၊ မကွေးမြို့မှမန္တလေးမြို့သို့ တင်ပို့မှုအနေဖြင့် ပဲစဉ်းငုံ(၇၅၀)အိတ်နှင့် ရန်ကုန်မြို့သို့ မြေပဲ(၄၀၀)အိတ်၊ စုစုပေါင်း(၂၁၀၀)အိတ်တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)