ဆိပ်ဖြူမြို့ပေါ် စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူ ခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့်ဝန်ထမ်းများသည် စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၁၈-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ ၊ ပတ္တမြားဈေးအတွင်းရှိ စားသုံးဆီရောင်းဝယ်ရေးဆိုင်(၃)ဆိုင်သို့သွားရောက်ပြီး စားသုံးဆီများကြိတ်ခွဲထုတ်လုပ်ရောင်းချဖြန့်ဖြူးလျက်ရှိသော ဆီစက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။   

   ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံက စားသုံးဆီများကြိတ်ခွဲထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၅) ပုဒ်မ(၂၈)အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ဆီဆံများကြိတ်ခွဲထုတ်လုပ်ရာတွင် ထုတ်လုပ်မှုအဆင့်ဆင့်တိုင်း၌ သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဆောင်ရွက်ရေး အသိပညာပေးပြောကြားခဲ့ပြီး ပဲဆီ၊ နှမ်းဆီများ ပဲရော/ နှမ်းရောဆီများရောင်းချပါက ဆီအမျိုးအစားအလိုက် ရောစပ်မှုများကို စားသုံးသူများမြင်သာအောင် Label တပ်၍ ရေးသားဖော်ပြ၍ရောင်းချသွားရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် (သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသောစားသုံးဆီများ ဈေးကွက်အတွင်းရောင်းချသည်ကိုစစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၂၉) လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)