ပခုက္ကူကုန်စည်ဒိုင်၌ ဒီဇင်ဘာလ(တတိယပတ်)အတွင်းဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်တွင် ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ရေစကြိုနှင့် ပခုက္ကူကျွန်းများမှ မိုးစိုက် (ဥစိုက်)ကြက်သွန်နီများ အရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် အခြားဒေသများဖြစ်သော ပုလဲ၊ မြင်းခြံမြို့၊ တောင်သာနယ်၊ တမိုက်သာ၊ ပခုက္ကူတောင်ဘက်ကျွန်းရွာများမှလည်း မိုးစိုက်(ဥစိုက်) ကြက်သွန်နီများ ဝင်ရောက်အရောင်းအဝယ်ဖြစ်နေပါသည်။

     ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(တတိယပတ်)တွင် ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်၏ ကြက်သွန်နီဒိုင်ပြတ်ဈေးမှာ ကြက်သွန်နီအသစ် ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၂၅၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၉၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၆၀၀)ဖြင့် ကုန်ချိန်ပိဿာ(၁)သိန်းကျော်မှ (၂)သိန်းခန့်အထိ ဝင်ရောက်အရောင်းအဝယ်ဖြစ်နေပါသည်။ ကြက်သွန်နီအဟောင်း ထိပ်စတစ်ပိဿာလျှင် ကျပ် (၃၂၀၀)၊  အလတ်စတစ်ပိဿာလျှင် (၂၉၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၈၀၀)ဖြင့် ကုန်ချိန် (၈၀၀၀)ကျော်အရောင်းအဝယ်ဖြစ်နေပြီး မြို့မစည်ပင်သာယာဈေးတွင် ကြက်သွန်နီအသစ် ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၈၀၀)၊  အလတ်စတစ်ပိဿာလျှင် (၂၆၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၂၅၀၀)ဖြင့်ရောင်းဝယ်နေကြောင်း၊ အဟောင်း ထိပ်စတစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၃၀၀၀) ဖြင့်ရောင်းချနေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်သို့တင်ပို့လျက်ရှိကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

DOCA(မကွေး)