ပွင့်လင်းရာသီအရောင်းအဝယ်သွက်နေသော ပုသိမ်ထီးဈေးကွက်

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ထုတ်လုပ်ရောင်းရောင်းချနေသော ဈေးကွက်ဝင် မြန်မာ့လက်မှုရိုးရာ ပုသိမ်ထီးများကို ပြည်တွင်း/ပြည်ပ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော်လည်း မိုးရာသီမှာအရောင်းအဝယ်အေး၍ ပွင့်လင်းရာသီဧည့်ခရီးသွားများ အများဆုံး  လာရောက်သည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း နိုဝင်ဘာလအတွင်း ပြည်ပဈေးကွက်တွင် ငွေဆောင်၊ ချောင်းသာ ကမ်းခြေဒေသသို့ လာရောက်လည်ပတ်သည့် ရုရား၊ ဂျာမဏီ၊ အမေရိကန်၊ ဩစတြေးလျ ၊ ထိုင်းနိုင်ငံသားများမှ အများဆုံးလာရောက်ဝယ်လျက်ရှိသော ထီးအမျိုးအစားများမှာ အလှဆောင်းထီးနှင့် ကနုတ်ထီးများဖြစ်ပြီး ၁၂ လက်မအရွယ်အစား (၁)လက်လျှင် ၇၅၀၀ ကျပ်၊ ၁၄လက်မအရွယ်အစား (၁)လက်လျှင် ၉၀၀၀ ကျပ်၊ ၁၅ လက်မအရွယ်အစား (၁)လက်လျှင် ၁၂၀၀၀ ကျပ်၊ ၁၈ လက်မအရွယ်အစား (၁)လက်လျှင် ၂၅၀၀၀ ကျပ်ဈေးနှင့် ၆ ပေထီး(၁)ချောင်းလျှင် ၇၅၀၀၀ ကျပ် ၊ ၈ပေထီး(၁)ချောင်းလျှင် ၁၀၀၀၀၀ ကျပ်ဈေးရှိပြီး ရန်ကုန်ကုမ္ပဏီများမှ တစ်ဆင့်လည်း ပြည်ပသို့ တင်ပို့ ရောင်းချမှုရှိကြောင်း၊ ပြည်တွင်းဈေးကွက်တွင် ငွေဆောင်၊ ချောင်းသာ၊ ငပလီကမ်းခြေသုံးထီးများနှင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံညောင်ဦး၊ အင်းလေး၊ မော်လမြိုင်မြို့များတွင်  ဟိုတယ်အလှဆင်ထီးများ ဝယ်ယူလျက်ရှိကြောင်း၊ ၎င်းအပြင် ရန်ကုန်၊ မော်လမြိုင်၊ တောင်ကြီး၊ ပြင်ဦးလွင် ၊ ပြည်၊ မကွေး၊ စစ်ကိုင်း၊ ဟုမ္မလင်း၊ သထုံ၊ စစ်တွေ၊ မြန်အောင်နှင့် အခြားမြို့များမှလည်း အလှဆောင်းထီးနှင့် ကနုတ်ထီး အလက်ရေ ၁၅၀၀/၂၀၀၀ ခန့် ဝယ်ယူရန် အမှာစာများရရှိပြီး တင်ပို့ရောင်းချလျက်ရှိကြောင်း ထီးလုပ်ငန်းရှင်ထံမှ သိရသည်၊၊

   ပုသိမ်ထီးပြုလုပ်ရာတွင် သစ်၊ ထီးရိုးဝါး၊ သရကူဝါး၊ တယ်သီး၊ ဖဲဖျင်၊ ပိတ်စ ၊ ပြည်တွင်း ဒေသထွက်ကုန်များကို အသုံးပြု၍ ပြုလုပ်ထားပြီး ပြည်ပနိုင်ငံမှ ဝယ်ယူသည့် ကုန်ကြမ်းပစ္စည်း များ မပါဝင်ဘဲ မြန်မာအနုပညာကို ဖော်ထုတ်ထားသည့် ဆေးဆိုးခြင်း၊ ကနုတ်ပန်းချီရေးဆွဲခြင်း ပုဂံခေတ်ရိုးရာပန်းချီကားပုံ ၊ ရှုခင်းပုံ စသည်တို့ဖြင့် အလှဆင်ထားပြီး ထီးတစ်ချောင်းလုံးကို လက်ဖြင့်သာ ပြုလုပ်ထားသောကြောင့် ပြည်ပနိုင်ငံသားများ Hand Made လက်မှုပညာ တစ်ခု အနေဖြင့် လူကြိုက်များကြောင်း ပုသိမ်ထီးပြုလုပ်ရာတွင် ရဟန်းဆောင်းထီး၊ သီလရှင် ဆောင်းထီး၊ ဝါးတစ်လုံးထီး၊ စားပွဲတင်ထီး၊ မီးအိမ်ထွန်းထီး၊ အလှဆောင်းထီး၊ ကမ်းခြေသုံးထီး၊ အမျိုးမျိုး ပြုလုပ်ရောင်းချလျက်ရှိပြီး မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု လက်ရာအနုပညာဖြစ်သော ပုသိမ်ထီးလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာတဝှမ်း အောင်မြင် ကျော်ကြားမှုရှိစေရေး ရိုးရာအမွေနှစ်များ တိမ်မြှုပ်ပျောက်ကွယ်ခြင်း မရှိစေရန်သာမက ပြည်တွင်း၊ ပြည်ပဈေးကွက်တွင် ပုသိမ်ထီးဈေးကွက် ပိုမိုကျယ်ပြန့်လာစေရန်နှင့် အောင်မြင်တိုးတက်မှုများရှိစေရန် ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပုသိမ်မြို့ BAMBOO HOUSE Traditional Umbrella Workshop လုပ်ငန်းရှင် ဦးသက်လွင်မှ ပြောကြားပါသည်၊၊

DOCA(ဧရာဝတီ)