ကရင်ပြည်နယ် ဘားအံခရိုင်၏ ဒီဇင်ဘာလ တတိယအပတ် စပါး/ဆန် ဈေးနှုန်းအခြေအနေ

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဝင်/စီးထွက်မှုအခြေအနေများကို စာရင်းကောက်ယူလျက်ရှိရာ ဘားအံခရိုင်အတွင်းဖြစ်ပေါ်နေသော  ဆန်စီးဝင်/ စီးထွက်အခြေအနေများကို ဖော်ပြလိုက်ရပါသည်။

  ဘားအံခရိုင်အတွင်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သော စပါး၊ ဆန် ဈေးနှုန်းများမှာ မနောသုခစပါး(သစ်)တင်း (၁၀၀) လျှင် ကျပ် ၁,၉၀၀,၀၀၀ ၊ သထုံပေါ်ဆန်း ဆန်သစ် (၂၄) ပြည်တစ်အိတ်လျှင် ကျပ် ၁၀၅၀၀၀ ၊ မနောသုခ ဆန်သစ်(၂၄) ပြည် တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်ဖြစ်ပြီး  ဘားအံမြို့သို့  ရန်ကုန်တိုင်းမှ ဆန်အိတ်ရေ ၁၀၀၁၅ အိတ်၊ စစ်ကိုင်းတိုင်းမှ (၄၆၅)အိတ်၊ ပဲခူးတိုင်းမှ (၁၈၅၀)အိတ်၊ မွန်ပြည်နယ်မှ (၃၃၀၀) အိတ်နှင့် စုစုပေါင်း (၁၆၂၄၀)အိတ် စီးဝင်ခဲ့ကြောင်း၊ စီးထွက်မှုအနေဖြင့် ကရင်ပြည်နယ်မှ ထွက်ရှိသောစပါးအချို့မှာ ပဲခူးတိုင်းသို့ စီးထွက်သွားကြောင်း  ဒေသခံဆန်စက် လုပ်ငန်းရှင်နှင့် ချိတ်ဆက်မေးမြန်းမှုအရ သိရပါသည်။

DOCA (ကရင်)