မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်းပြောင်းလဲမှုအခြေအနေ

Powered by Drupal

     မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ်ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းသတင်းများအရသိရသည်။

မတ်ပဲ

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလ(တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၆၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာ(တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၉၃၅၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် သုံးသောင်းကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ (၁၀မှ ၁၅)အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ပဲစဉ်းငုံ

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလ(တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၄၂၀၀ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာ(တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၉၄၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် သုံးသောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ (၁၀မှ ၁၅) အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ပဲတီစိမ်း

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလ(တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၄၆၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာ(တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၁၅၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ငါးထောင် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ  (၂၀မှ ၃၀) အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ကုလားပဲ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလ(တတိယပတ်)တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ်၆၅၀၀၀၊ 929 တစ်တင်းလျှင် ကျပ်၆၀၀၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ်၅၈၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာ(တတိယပတ်)တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ်၉၃၅၀၀၊ 929  တစ်တင်းလျှင် ကျပ်၈၉၀၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ်၈၅၅၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ (၅၀မှ ၇၀) အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

စွန်တာနီ/ပြာ

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလ(တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၄၀၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာ(တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၄၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းကျော်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ (၁၀မှ ၂၀) အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ထောပတ်ပဲ

   မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလ(တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၄၇၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာ(တတိယပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၁၀၅၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ခြောက်သောင်းခန့်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ (၁၀မှ ၁၅) အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

အစေ့ထုတ်ပြောင်း

       မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလ(တတိယပတ်)တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၇၈၀၀ဖြစ်ခဲ့ပြီး ယခုနှစ်  ဒီဇင်ဘာ(တတိယပတ်)တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၈၂၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးရာပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ (၁၀မှ ၁၅) အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

မြေပဲဆံသီးနှံ

    မုံရွာကုန်စည်ဒိုင်၌  ယခင်နှစ် ဒီဇင်ဘာလ(တတိယပတ်)တွင် မြေပဲဆံနီတစ်ပိဿာလျှင် ကျပ်၄၇၀၀၊ မြေပဲဆံဖြူတစ်ပိဿာလျှင် ကျပ်၅၁၀၀ဖြစ်ခဲ့ပြီး ယခုနှစ်  ဒီဇင်ဘာလ(တတိယပတ်)တွင် မြေပဲဆံနီတစ်ပိဿာလျှင် ကျပ်၆၃၀၀၊ မြေပဲဆံဖြူတစ်ပိဿာလျှင် ကျပ်၆၅၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်ပိဿာလျှင် ကျပ်တစ်ထောင်ကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ  (၅၀မှ ၇၀) အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

နှမ်းမျိုးစုံသီးနှံ

        မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလ(တတိယပတ်)တွင် နှမ်းနက်တစ်တင်းလျှင် ကျပ်၈၃၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်၈၅၀၀၀၊ နှမ်းညိုတစ်တင်းလျှင် ကျပ်၇၀၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလ(တတိယပတ်)တွင် နှမ်းနက်တစ်တင်းလျှင် ကျပ်၁၁၆၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်၁၀၇၀၀၀၊ နှမ်းညိုတစ်တင်းလျှင် ကျပ်၈၇၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းခန့်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ (၅၀မှ ၇၀) အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းများစာရင်းအရသိရပါသည်။

DOCA(စစ်ကိုင်း)